ဥရောပတိုက်မှာ ရာသီဥတု ဆိုးရွားဆဲ

  • 6 ဖေဖော်ဝါရီ 2012
cold
Image caption နှင်းဒဏ်ကြောင့် ဓာတ်အားတိုင်တွေ တောင်ပြိုကျခဲ့ရ

ဥရောပ တိုက်ရဲ့ ဒေသ တော်တော် များ များ မှာ အအေး လွန်ကဲ ပြီး ဆီးနှင်း တွေလည်း ထူထပ်စွာ ကျနေ ဆဲပဲ ဖြစ် ပါတယ်။

ယူကရိန်း နိုင်ငံမှာ ဆိုရင် အပူချိန်ဟာ ရေခဲမှတ် အောက် ၃၃ ဒီဂရီ အထိရောက်နေပြီး လူပေါင်း ၁၃၀ ကျော်လဲ အသက်ဆုံးရှုံးခဲ့ရ ပြီးဖြစ်ပါတယ်။

ဘော့စနီးယား နိုင်ငံမှာတော့ နှင်းတွေနဲ့ ပိတ်မိနေကြတဲ့ ဒေသတွေက ကျေးရွာတွေဆီကို စားနပ်ရိက္ခာတွေကို ရဟတ်ယာဉ်တွေနဲ့ ပို့ပေးနေရပါတယ်။

ဆာရာယေဗို မြို့မှာလဲ သယ်ယူပို့ဆောင်ရေး စနစ်တွေ လုံးဝရပ်ထား ရတဲ့ အထိကို ဖြစ်နေပါတယ်။

အီတလီက ရောမမြို့တော် မှာလဲ ရာစုနှစ် တခုရဲ့ လေးပုံ တပုံ ကာလ အတွင်းမှာ မကြုံဘူးတဲ့ ဆီးနှင်းဖုံးလွှမ်းထားမှု ကို ကြုံတွေ့နေရ သလို ပုပ်ရဟန်း မင်းကြီးကတော့ သူ့ဆီကို အဖူးမျှော် ရောက်လာကြသူ တွေကို အနွေးကုတ်အင်္ကျီကြီး ရုံကာ တွေ့ဆုံခဲ့သလို နွေဦးရာသီ မကြာခင် ရောက်လာဖို့ သူမျှော်လင့်နေတဲ့ အကြောင်းကို ပြောကြားခဲ့ပါတယ်။

ဗြိတိန် နိုင်ငံမှာတော့ ဥရောပတိုက်ရဲ့ အလုပ်အများဆုံး လေဆိပ် ဖြစ်တဲ့ ဟီသရိုး လေဆိပ် မှာ လေကြောင်း ခရီးစဉ်တွေ ကမောက်ကမ ဖြစ်ခဲ့ရသလို အဝေးပြေးလမ်းမတွေ ပေါ်မှာလဲ ကားတွေနဲ့ ယာဉ်မောင်းတွေပါ သောင်တင်လို့ ညအိပ်ခဲ့ကြ ရပါတယ်။