အမေရိကန်သမ္မတလောင်းရွေးပွဲမှာ Mitt Romney အသာရနေ

  • 5 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဖလော်ရီဒါ ပြည်နယ်မှာလည်း မစ္စတာ ရွမ်နေ အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပါဗလီကန်ပါတီဘက်ကနေ ဝင်ရောက် အရွေးခံမယ့် သမ္မတလောင်း ရွေးချယ် ရာမှာ အခုနောက်ဆုံး အဆင့် မဲပေးပွဲတွေ အဖြစ် နီဗာဒါ ပြည်နယ်မှာတော့ မစ်တ်ရွမ်နေက ပြတ်ပြတ်သားသား အနိုင်ရရှိသွားပါတယ်။

ဒိမတိုင်ခင် ဖလော်ရီဒါ ပြည်နယ်မှာလည်း မစ္စတာရွမ်နေ အနိုင်ရရှိခဲ့တာ ဖြစ်တဲ့အတွက် ဒါဟာ သီတင်းတပတ် ထဲမှာတင် ဒုတိယမြောက် အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။

လက်စ်ဗီဂတ်စ် ပြည်နယ်မှာတော့ မဲတွေကို ရေတွက်နေဆဲ ဖြစ်ပေမယ်လို့ မစ္စတာ ရွမ်နေဟာ သူ့ရဲ့ အဓိက ပြိုင်ဖက်ဖြစ်တဲ့ Newt Gingrich ထက်ကို ရှေ့က ပြေးနေပါတယ်။

လက်စ်ဗီဂတ်စ်မြို့မှာ မိန့်ခွန်းပြောရာမှာ မစ္စတာ ရွမ်နေက နိုင်ငံတော် စီးပွားရေးနဲ့ ပတ်သက် ပြီး သမ္မတာ အိုဘားမားကို တိုက်ခိုက် ပြောကြားသွားပါတယ်။

နောက်ပြီး အမေရိကန်ကို ကမ္ဘာ့ပေါ်မှာ အလုပ်ဖန်တီးပေးနိုင်စွမ်းရှိတဲ့ စွဲဆောင်မှု အရှိဆုံး နိုင်ငံ ဖြစ်အောင် လုပ်မယ်လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။