လှိုင်သာယာ စက်မှုဇုံ အလုပ်သမား ၂၀၀၀ ကျော် ဆန္ဒပြ

  • 6 ဖေဖော်ဝါရီ 2012
myanmar workers ဓာတ်ပုံ မူပိုင် getty
Image caption မြန်မာပြည်မှာ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ဝေဖန်မှုတွေရှိနေ

လှိုင်သာယာ စက်မှုဇုံ (၃) က တိုင်ရီ ဖိနပ် စက်ရုံမှာ အလုပ်သမား (၂၀၀၀) ကျော် တနင်္လာနေ့ မနက် က စက်ရုံအပြင်မှာ ထိုင်ပြီး ဆန္ဒပြခဲ့ကြ ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ လုပ်ခလစာထဲက တစ်သောင်းကျော်စီ ဖြတ်တောက်ခံရတာကို မကျေနပ်လို့ အလုပ်သမားတွေက အခုလို ဆန္ဒပြကြတာပါ။

ပြီးခဲ့တဲ့လက တရုတ်နှစ်သစ်ကူးအပါအဝင် အလုပ်ပိတ်ရက် (၁၀) ရက်ကျော် ရှိခဲ့တဲ့အတွက် အခုလိုဖြတ်တောက်ခဲ့တာဖြစ်တယ်လို့ တရုတ်လူမျိုး စက်ရုံပိုင်ရှင်တွေက ပြောကြောင်းသိရပါတယ်။

မြန်မာနိုင်ငံ အလုပ်သမားအက်ဥပဒေ အရ အလုပ်ရှင်ရဲ့ဆန္ဒနဲ့အလုပ်ပိတ်တာကို အလုပ် သမားတွေရဲ့ ခွင့်ရက်အနေနဲ့ သတ်မှတ်လို့မရဘူးလို့ အလုပ်သမား အခွင့်အရေးနဲ့ ရပိုင်ခွင့် တွေကို လှုပ်ရှားဆောင်ရွက် နေတဲ့ လှိုင်သာယာ စက်မှုဇုံက ဦးသန်းက ဘီဘီစီကို ပြောကြား ခဲ့ပါတယ်။

ဒီလိုပဲ တခြား စက်ရုံ တွေမှာ လည်း အလုပ်ရှင်နဲ့ အလုပ်သမားအကြား လုပ်ခလစာနဲ့ ပတ်သက်ပြီး အဆင်မပြေမှု တွေရှိတယ်လို့ ဦးသန်း က ဆက်လက် ပြောကြား ခဲ့ပါတယ်။