ဂရိနိုင်ငံ ခြွေတာရေး အစီအစဉ်

  • 8 ဖေဖော်ဝါရီ 2012
grecia_bandeira_ ဓာတ်ပုံ မူပိုင် Reuters
Image caption ဂရိ အစိုးရ အစည်းအဝေးခေါ်

ဂရိအစိုးရ ဘက်ကနေ ခြိုးခြံ ချွေတာရေး အစီအစဉ်သစ် ကိုချပြ ပေမယ့် ညွန့်ပေါင်း ပါတီခေါင်းဆောင်ပိုင်း နဲ့ အရေးပါတဲ့ အစည်းအဝေး ကျင်းပ ရာမှာ သဘောတူညီမှု မရကြလို့ နောက်ထပ် တရက် နှောင့်နှေး သွားပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်ရုံး ကတော့ ပြုပြင်ပြောင်းလဲမှု တွေနဲ့ ပတ်သက်တဲ့ သဘော တူညီချက် မူကြမ်းကို အပြီးသတ်ရေးဆွဲ ပြီးပြီ မို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့ မှာ တော့ တရားဝင် လက်မှတ်ရေးထိုးဖြစ်ဖို့ ရှိတဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

အဆိုပါ ခြိုးခြံချွေတာရေး ဆိုင်ရာ အရေးယူ ဆောင်ရွက်မှု အရ လစာငွေ ၂ဝ ရာခိုင်နှုန်း လျှော့ချရေး၊ ပင်စင်လစာငွေ ဖြတ်တောက်ခြင်း၊ အစိုးရ ဝန်ထမ်းပေါင်း တသောင်း ငါးထောင် ခန့် အလုပ်ပြုတ်ဖို့ အခြေအနေ ရှိနေတာတွေ ပါဝင်ပါတယ်။

ဒီလိုမှ ပြုပြင်မှု မလုပ်ရင်၊ နိုင်ငံတကာ က ဂရိနိုင်ငံ ကို လိုအပ်တဲ့ အကူငွေ ထပ်မံ ချေးငှားခြင်းပြုမှာ မဟုတ်ဖူးလို့ ဆိုနေကြပါတယ်။