အမေရိကန် ပိတ်ဆို့မှု တစ်ခုလျော့ချ

  • 7 ဖေဖော်ဝါရီ 2012
clinton_sein ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စစ် ကလင်တန်က ပိတ်ဆို့မှုတွေထဲက တစ်ခုကိုရုတ်သိမ်း လက်မှတ်ထိုး

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အမေရိကန်နိုင်ငံ ဟာ သူ့တို့ရဲ့ ပိတ်ဆို့မှုတွေထဲက တစ်ခုကို ရုတ်သိမ်းပေးလိုက်ပါတယ်။

အခုရုပ်သိမ်းပေးလိုက်တဲ့အတွက် နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာဘဏ် နဲ့ နိုင်ငံတကာငွေကြေးရံပုံငွေ အဖွဲ့ရဲ့အကဲခတ် မှုတွေ မြန်မာနိုင်ငံမှာ ပြုလုပ်သွားမှာ ဖြစ်ပါ တယ်။

ဒါပေမဲ့ ချေးငွေတွေတော့ ထုတ်ချေး အုံးမှာ မဟုတ်ပါဘူး။

ဒီပိတ်ဆို့ အရေးယူမှု ရုပ်သိမ်းချက်ကို ဒီနေ့ပဲ နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ကလင်တန်က လက်မှတ်ထိုး လိုက်ပါတယ်။

တခြား ပိတ်ဆို့မှုတွေကတော့ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

၂၀၁၀ ကစပြီး အာဏာရလာတဲ့ အစိုးရသစ်ရဲ့ ဒေါ်အောင်ဆန်းဆုကြည် အပါအဝင် နိုင်ငံ ရေးအကျဉ်းသား ရာနဲ့ချီပြီးလွှတ်ပေးတာတွေ နဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတဲ့ အပေါ် အမေရိကန်နိုင်ငံက ဒီလိုမျိုး တုန့်ပြန်ဆောင်ရွက်မှုတွေ လုပ်လာတာ ဖြစ်ပါတယ်။