လစ်ဗျား အစိုးရကို ကဒါဖီ သား ခြိမ်းခြောက်

  • 11 ဖေဖော်ဝါရီ 2012
gaddaffi son
Image caption ကဒါဖီ သားက လစ်ဗျား အစိုးရကို အုံကြွမယ်လို့ ခြိမ်းခြောက်

လစ်ဗျား ခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီး ကဒါဖီ သားတယောက်က လက်ရှိ လစ်ဗျား ကူးပြောင်းရေး အစိုးရကို ဆန့်ကျင်ဖို့ ဦးဆောင်မယ်လို့ ခြိမ်းခြောက် လိုက်ပါတယ်။

ဆာဒီး ကဒါဖီက သူထွက်ပြေး ရောက်ရှိနေတဲ့ နိုင်ဂျာကနေ ရုပ်မြင်သံကြား မေးမြန်းခန်း တခုမှာ ဒီလို ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

လစ်ဗျားမှာ သူ့နောက်လိုက်တွေ အများကြီး ရှိသေးတယ်၊ ကူးပြောင်းရေး ကောင်စီထဲမှာကို ရှိတယ်လို့ လည်း ဆိုပါတယ်။

ထရစ်ပိုလီက ဘီဘီစီ သတင်းထောက်ကတော့ ကဒါဖီ သစ္စာခံတွေ အတွက် အစိုးရက ကြောင့်ကြ နေရသေးပေမယ့် ဆာဒီး ဦးဆောင်မယ့် အုံကြွမှု ဖြစ်ဖို့ကတော့ ဝေးပါတယ်လို့ သုံးသပ်သွားပါတယ်။