အီရတ်က အဲလ်ခိုင်းဒါး တချို့ ဆီးရီးယားကိုရွှေ့

  • 13 ဖေဖော်ဝါရီ 2012
_iraq_blast ဓာတ်ပုံ မူပိုင် BBC World Service
Image caption အီရတ်နဲ့ ဆီးရီးယား နယ်စပ်

အီရတ် နိုင်ငံ ထဲမှာ ရှိတဲ့ အဲလ်ခိုင်းဒါး နဲ့ တခြားလက်နက်ကိုင် အဖွဲ့တွေ ဟာ သူတို့ရဲ့ လှုပ်ရှားမှုတချို့ကို အီရတ်ကနေ ဆီးရီးယား ဘက်ကို ရွှေ့ပြောင်း သွားခဲ့ကြပြီ ဖြစ်တယ် လို့အီရတ် အစိုးရ အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။

အီရတ် ဒုတိယ ပြည်ထဲရေး ဝန်ကြီး အဒ်ဒန် အဲလ် အာဆာဒီက အဲလ် ခိုင်းဒါးက သူ့ရဲ့ နောက်လိုက် တွေကို အီရတ်ထဲကနေ ဆီးရီးယား အပါအဝင် တခြား နိုင်ငံတွေကိုရွှေ့ဖို့ ညွှန်ကြားခဲ့တဲ့ နောက်မှာ အီရတ် နိုင်ငံ အတွင်းမှာလဲ တိုက်ခိုက် ခံရမှုတွေ လဲ ကျဆင်းလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

နောက်ပြီး အီရတ်ရဲ့ အနောက်ဘက် အိမ်နီးချင်းနိုင်ငံရဲ့ အခြေအနေဟာလဲ မတည်ငြိမ်ဘဲ အချိန်မရွေး တခုခု ထဖြစ် နိုင်တယ်လို့ လဲ ပြောပါတယ်။

အစောပိုင်းတုန်းကတော့ အဲလ် ခိုင်းဒါး ရဲ့ ခေါင်းဆောင် အိုင်မန် အဲလ် ဇဝါဟာရီ က ဆီးရီးယား အုံကြွမှုကို ထောက်ခံကြောင်း ပြောသွား ခဲ့ပါတယ်။