ဆေ့ဖ် ကဒါဖီကို အကျဉ်းထောင် ပြောင်းမယ်

  • 13 ဖေဖော်ဝါရီ 2012
saif ဓာတ်ပုံ မူပိုင် Reuters
Image caption ဆေ့ဖ် အဲလ် အစ္စလာမ် ကဒါဖီ

လစ်ဗျား နိုင်ငံမှာတော့ ဗိုလ်မှူးကြီး ကဒါဖီရဲ့ သား ဆေ့ဖ် အဲလ် အစ္စလာမ်ကို လာမဲ့ ၂ လ အတွင်းမှာ ရုံးတင်စစ်ဆေး မှုတွေလုပ်ဖို့ အတွက် ထရစ်ပိုလီ မြို့ထဲက အကျဉ်းထောင် တခုကို ရွေ့ပြောင်း ထားရှိ သွားမယ်လို့ ကြားဖြတ်အစိုးရ အာဏာပိုင် တွေက ဆိုပါတယ်။

အမျိုးသား အသွင်ပြောင်း ကောင်စီရဲ့ အကြီးအကဲ မူစတာဖာ အဗ္ဗဒူလ် ဂျာလီ က ဆေ့ဖ် အဲလ် အစ္စလာမ်ကို ဖမ်းမိခဲ့ပြီး နောက် ၃ လ အကြာက စပြီး စစ်ဆေး မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

သူ့ကို တချိန်က ဖခင် ဖြစ်သူရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူလို့ ရှုမြင်ထား ခဲ့ကြတာလဲ ဖြစ်ပါတယ်။ ဒါပေမယ့်လဲ ဇင်တန်မြို့မှာ ဘက်ဒိုအင် လူမျိုး အယောင်ဆောင်ပြီး ရုပ်ဖျက် ထားခဲ့တဲ့ သူ့ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ဖမ်းမိခဲ့ပြီး ထဲက အခုလို ထိန်းသိမ်း ခံနေရတာ ဖြစ်ပါတယ်။

တကယ်လို့ သူ့မှာ အပစ်ရှိတယ်လို့ စစ်ဆေး တွေ့ရှိခဲ့ရင်တော့ သေဒဏ် အပစ်ပေး ခံရမှာ ဖြစ်ပါတယ်။ မစ္စတာ အဗ္ဗဒူလ် ဂျာလီကတော့ တရားမျှတစွာ စီရင်ဆုံးဖြတ် သွားမယ်လို့ ဆိုထား ပါတယ်။