ကမ္ဘာကျော် အဆိုတော် Whitney Houston ကွယ်လွန်

  • 12 ဖေဖော်ဝါရီ 2012
Image caption ၁၉၈၀ နဲ့ ၉၀ ခုနှစ်တွေ အတွင်း သီချင်း စီးရီးပေါင်း များစွာ သီဆိုထုတ်လုပ်ခဲ့

အမေရိကန်က ကမ္ဘာ့ကျော် အဆိုတော် လည်း ဖြစ်၊ သရုပ်ဆောင်လည်း ဖြစ်သူ အသက် ၄၈ နှစ်အရွယ် Whitney Houston တယောက် ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

လော့အိန်ဂျလိစ် ပြည်နယ် ဘယ်ဗလီဟေးလ်စ် မြို့က သူတည်းခိုနေတဲ့ ဟော်တယ် အခန်းထဲမှာ သေဆုံး နေတာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

Whitney Houston ဟာ ၁၉၈၀ နဲ့ ၉၀ ခုနှစ်တွေ အတွင်း သီချင်း စီးရီးပေါင်းများစွာ သီဆို အသံသွင်း ထုတ်လုပ်ခဲ့ပြီး၊ သူ့သီချင်းခွေတွေဟာ အရောင်းရဆုံး ဖြစ်ခဲ့ပါတယ်။

''I will always love you'' ဆိုတဲ့ သီချင်းကတော့ ကမ္ဘာပေါ်မှာ လူ့သိအများဆုံးသော သူ့ရဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။

၁၉၉၀ ခုနှစ် နောက်ပိုင်းမှာတော့ သူဟာ မူးယစ်ဆေးဝါးနဲ့ အရက်ကို စွဲသွားခဲ့ပါတယ်။

Whitney Houston ဟာ ဂီတဘက်မှာ မှတ်ချက်ပြုလောက်အောင်ကို အံ့သြဖွယ်ကောင်းပြီး အရည်အချင်း ရှိတဲ့ အနုပညာရှင်တဦး ဖြစ်တယ်လို့ မိုတောင်း သီချင်း ထုတ်လုပ်တဲ့ ကုမ္ပဏီကို တည်ထောင်သူ ဘာရီဂေါ်ဒီက ပြောပါတယ်။