ဂရိချွေတာရေးအစီအစဉ်ကြောင့် ရှယ်ယာဈေးတက်

  • 13 ဖေဖော်ဝါရီ 2012
Greece Stock
Image caption ဂရိရဲ့ ချွေတာရေးအစီအစဉ်သစ်ဟာ ရှယ်ယာဈေးကွက်ကို အကြိုးသက်ရောက်

ဂရိအစိုးရရဲ့ နောက်ဆုံးအတည်ပြုလိုက်တဲ့ တင်းကျပ်တဲ့ ခြိုးခြုံ ချွေတာရေး အစီအစဉ် တွေဟာ တနင်္လာနေ့ အစုရှယ်ယာ ဈေးကွက်မှာ အပေါင်းလက္ခဏာဆောင်တဲ့ တုံပြန်မှုတွေဖြစ်လာစေပါတယ်။

တိုကျိုနဲ့ ဟောင်ကောင်ရှယ်ယာဈေးကွက်မှာ တော့ ဝ.၅ ရာခိုင်နှုံး တက်လာပြီးဈေးပိတ် သွားပါတယ်။

ဥရောပ အစောပိုင်းကုန်သွယ်မှုရဲ့ ဘဏ်လုပ်ငန်း ဆိုင်ရာ ရှယ်ယာ ဈေးကွက်တွေမှာလည်း နလံထူနိုင်မှုတွေရှိလာပါပြီ။

တနင်္ဂနွေနေ့က ဂရိပါလီမန်အမတ် သုံးပုံ နှစ်ပုံ က ဒီချွေတာရေးအစီအစဉ်တွေကို မဲပေး အတည်ပြု ခဲ့ပါတယ်။

ဒီအစီအစဉ်တွေကိုလုပ်ရင် ယူရို ၁၃၀ ဘီလီယံ ထောက်ပံ့ကူညီမယ်လို့ ယူရိုဇုန်နဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့တွေက တောင်းဆိုနေခဲ့တာဖြစ်ပါတယ်။

ဒုတိယအကြိမ်မြောက် ဂရိနိုင်ငံက အကောင်အထည်ဖော်တဲ့ ဒီချွေတာရေးအစီအစဉ်ကို ဥရောပနိုင်ငံတွေ အထူးသဖြင့် ဂျာမနီနိုင်ငံက အားပေးကြိုဆိုခဲ့ပါတယ်။

ဒါပေမဲ့ လစာငွေလျော့ချမှု၊ အလုပ်နဲ့ပင်စင် လျော့ချမှု ကိုဖြစ်စေတဲ့ ဒီချွေတာရေးအစီအစဉ် ကို မကျေနပ်ကြတဲ့ အတွက် ဂရိနိုင်ငံသားတွေကတော့ အကြမ်းဖတ် ဆန္ဒပြမှုတွေ ပြုလုပ်နေပါတယ်။