မော်တာ ရိုလာကို ဂူဂယ် ဝယ်ခွင့်ရသွားပြီ

  • 14 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption မော်တာရိုလာကို ဝယ်ဖို့ သဘောတူချက် ရသွားတဲ့ ဂူဂယ်

အမေရိကန် ပြည်ထောင်စုမှာ ကယ်လီဖိုးနီးယား ပြည်နယ် အခြေစိုက်တဲ့ အင်တာနက် ဝန်ဆောင်မှု ပေးနေတဲ့ ဂူဂယ် ကုမ္ပဏီက မိုဘိုင်းဖုန်း ထုတ်လုပ်တဲ့ Motorola Mobility ကို ဝယ်ယူဖို့ကို သက်ဆိုင်ရာက ခွင့်ပြုချက် ပေးလိုက်ပါပြီ။

ဒေါ်လာ ဆယ့်နှစ် ဘီလီယံခွဲ တန်တဲ့ ဒီ အပြိုင်အဆိုင် အရောင်းအဝယ် ကိစ္စက စျေးကွက်ကို လက်ဝါးကြီး အုပ်မယ့် အခြေအနေ ရောက်စေမှာ မဟုတ်ဘူးလို့ အမေရိကန် တရားရေး ဌာနက ပြောပါတယ်။

ဒီကိစ္စကို ဥရောပ သမဂ္ဂကလည်း သဘောတူခဲ့ပေမယ့် ဂူဂယ်နဲ့ တရုတ် အာဏာပိုင် တွေကြား ဆက်ဆံရေး တင်းမာနေတာကြောင့် တရုတ်ရဲ့ လက်ခံမှု ရဖို့ သိတ် မသေချာဘူးလို့ သတင်းထောက်တွေ ပြောပါတယ်။