ဥရောပကို တရုတ်က ကူညီမယ်

  • 14 ဖေဖော်ဝါရီ 2012
Wen Jiabao
Image caption ပြောတဲ့ အတိုင်း လုပ်မယ်လို့ တရုတ် ၀န်ကြီးချုပ် ဝမ်ကျားပေါင် ကဆို

ဥရောပ ရဲ့ကြွေးမြီ ပြဿနာ ကို ဖြေရှင်းဖို့ အတွက် တရုတ် နိုင်ငံက ပိုပြီး ကူညီဖို့ ဆန္ဒ ရှိကြောင်း ဘေကျင်း မြို့မှာ ရောက်ရှိ နေတဲ့ ဥရောပ ခေါင်းဆောင် တွေကို တရုတ် ခေါင်းဆောင် တွေက ပြောကြား လိုက်ပါတယ်။

ဒီအတော အတွင်း ဒီနှစ် ထဲမှာ တရုတ် နိုင်ငံရဲ့ ခေါင်းဆောင် သစ် ဖြစ်လာမယ် လို့ မျှော်လင့် ရတဲ့ တရုတ် ဒုတိယ သမ္မတ ဇီကျင်ပင်း ဟာ အမေရိကန် သမ္မတ အိုဘားမား နဲ့ အိမ်ဖြူတော် မှာ တွေ့ဆုံဖို့ ရှိနေ ပါတယ်။

ဘေဂျင်း မြို့တော်နဲ့ ဝါရှင်တန် မြို့တော် တို့မှာ ပြုလုပ်တဲ့ တရုတ် ခေါင်းဆောင် ပိုင်းနဲ့ ဥရောပ သမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စု တို့ ရဲ့ ဆွေးနွေးမှု တွေဟာ နိုင်ငံတကာ မှာ တရုတ်ဟာ အဓိက ကျတဲ့ အခန်း ကဏ္ဍ ကနေ ပါဝင် လာနေတာကို အမိအရ အသုံးချဖို့ ကြိုးပမ်း နေတာကို မီးမောင်း ထိုးပြနေ ပါတယ်။

လောလောဆယ် မှာတော့ ဥရောပ ဒေသမှာ စီးပွားရေး အကျပ် အတည်း ဆက်လက် ဖြစ်ပေါ် နေပြီး ကမ္ဘာ တဝန်း စီးပွားရေး ယိုင်နဲ့ နေချိန် မှာ စီးပွားရေး အပြန် အလှန် မှီခိုခြင်းက အရေး ကြီးဆုံး အနေ အထားမှာ ရှိနေ ပါတယ်။

ဥရောပနဲ့ အမေရိကန် နိုင်ငံ တို့ က တရုတ်ကို ဘဏ္ဍာရေး အထောက်အပံ့ ပေးဖို့ တောင်းဆိုနေချိန် မှာဘဲ အနောက် နိုင်ငံများရဲ့ စီးပွားရေး ကျဆင်း နေမှုက တရုတ် နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အပေါ် ဘယ်လို ထိခိုက် နိုင်တယ် ဆိုတာ တရုတ် ဘက်က ချိန်ထိုး နေရ ပါတယ်။

အမေရိကန် နဲ့ တရုတ် ဆက်ဆံရေး ကို ကြည့်ရင် အခြခိုင် ပြီးသား အင်အားကြီး နိုင်ငံ တစ်နိုင်ငံနဲ့ တက်သစ်စ အင်အားကြီး နိုင်ငံတို့ ကြားမှာ မလွဲ မရှောင်သာ အဆင် မပြေတာတွေ ရှိလာနိုင်တဲ့ အတွက် ဘယ်လို အတူတကွ လက်တွဲ ဆောင်ရွက် သွားကြမယ် ဆိုတာ ကို လည်း ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။

တရုတ် နိုင်ငံက ဒေသတွင်းမှာ ပိုမို သြဇာ ရှိလာတာကို တုံ့ပြန်ဖို့ အမေရိကန်က အာရှ ပစိဖိတ် ဒေသကို ပိုမို အာရုံ စိုက်လာတာ ဖြစ်သလို အမေရိကန် ရဲ့ မဟာဗျူဟာ ချဲ့ထွင်မှု ကလည်း တရုတ် အစိုး ရကို စိတိမသက် မသာ ဖြစ်စေနိုင်ပါတယ်။

မကြာသေး ခင်က ဆီးရီးယား နဲ့ အီရန် အရေး တို့မှာ တရုတ် နိုင်ငံရဲ့ ဆောင်ရွက်ချက် တွေကို ကြည့်ရင် တရုတ် အနေနဲ့ သံတမန် ရေးရာ ကိစ္စ တွေမှာ ဘယ်လောက် အရေးပါ လာတယ် ဆိုတာကို ပြသနေတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။