တရုတ်ဒုသမ္မတ အမေရိကန် ရောက်ရှိ

  • 14 ဖေဖော်ဝါရီ 2012
xi jinpin ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ ဇီကျင့်ပင် ဟာ ပင်တဂွန် စစ်ဌာနချုပ် ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်

ဒီနှစ် ထဲမှာ တရုတ် နိုင်ငံရဲ့ ခေါင်းဆောင် သစ် ဖြစ်လာ မယ်လို့ မျှော်လင့် ရတဲ့ တရုတ် ဒုတိယ သမ္မတ ဇီကျင့်ပင် ဟာ အမေရိကန် သမ္မတ အိုဘားမား နဲ့ အိမ်ဖြူတော် မှာ တွေ့ဆုံ ဖို့ ရှိနေ ပါတယ်။

အမေရိကန် ပြည်ထောင်စု မှာ ငါးရက်ကြာ နေထိုင်မယ့် ခရီးစဉ် အတွင်း သူဟာ အမေရိကန် ထိပ်တန်း ခေါင်းဆောင် တွေနဲ့ တွေ့ဆုံဖို့ ရှိသလို အိုင်အိုဝါ ပြည်နယ်မှာ ရှိတဲ့ ကျေးလက် ဒေသ တခုကို လည်း သွားရောက် လည်ပတ်ဖို့ ရှိနေ ပါတယ်။

တရုတ် ပြည်ရဲ့ အပြင်ဖက် မှာ သိပ် လူသိ မများလှ သေးတဲ့ မစ္စတာ ဇီက နှစ်နိုင်ငံ ကြားမှာ ကုန်သွယ်ရေး အရ တင်းမာမှု တွေကို လျှော့ချဖို့ အတွက် နီးနီး ကပ်ကပ် အလုပ်လုပ် သွားကြဖို့ လိုအပ်ကြောင်း အလေးထား ပြောသွားခဲ့ပါတယ်။

လာမယ့် ငါးနှစ် သက်တမ်း နှစ်ခု အတွက် တာဝန် ယူမယ့် တရုတ် ခေါင်းဆောင် အထင်ကြီး အောင် အမေရိကန် အစိုးရက ဆောင်ရွက်တဲ့ လက္ခဏာ တခု အဖြစ် ထူးထူး ခြားခြား ပင်တဂွန် စစ်ဌာနချုပ် ကို သွားရောက် လည်ပတ်မယ့် အစီ အစဉ်မှာ သူ့ကို စစ်တပ် ဂုဏ်ပြု တပ်ဖွဲ့နဲ့ ကြိုဆိုမှာ ဖြစ်ပါတယ်။