တာချီလိတ်အနီး မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

  • 15 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် burmese
Image caption မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးနာမည်ဆိုးတဲ့ ရွှေတြိဂံဒေသ

တာချီလိတ်မြို့နယ်အတွင်းမှာ ယားဘ စိတ်ကြွဆေးပြား၊ ဘိန်းဖြူ နဲ့ လက်နက် များ ဖမ်းဆီးရမိပါတယ်။

ယားဘစိတ်ကြွဆေးပြား ၈ သန်း ၇ သိန်းကျော် နဲ့ ဘိန်းဖြူ ၅၂ ကီလို သိမ်းဆီးရမိပြီး အမ် ၁၆ သေနတ်အပါအဝင် သေနတ်အရှည် ၃ လက်နဲ့ အတို တစ်လက်ကို သိမ်းဆီးရမိတယ်လို့ တာချီ လိတ်မြို့က ရဲအရာရှိက ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။

တနင်္လာနေ့တုန်းက တာချီလိတ်မြို့နယ်၊ ဖါခေါင် ကျေးရွာက နေအိမ်ခြံဝင်းတခုကို သတင်း အရသွားရောက်ရှာဖွေရာမှာ မြေအောက်ကျဉ်းတူးပြီး ဝှက်ထားတဲ့ မူးယစ်ဆေးဝါးနဲ့ သေ နတ်တွေကို သိမ်းဆီးရမိတာဖြစ်ပါတယ်။

ခြံစောင့် အမျိုးသမီးကြီးတစ်ဦးကိုလည်း ရဲက ဖမ်းဆီးထားတယ်လို့ တာချီလိတ် ရဲတပ်ဖွဲ့က ပြောပါတယ်။

အခုဖြစ်ပွားခဲ့တဲ့ နေရာဟာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးနာမည်ဆိုးတဲ့ ရွှေတြိဂံဒေသ အတွင်းက နေရာတစ်နေရာ ဖြစ်ပါတယ်။