ဆီးရီးယားသမ္မတ လူထုဆန္ဒခံယူဖို့ရှိ

  • 15 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတ အာဆတ်ကို အားပေးထောက်ခံသူများ

ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်က အခြေခံဥပဒေသစ်မူကြမ်း အတွက် လူထုဆန္ဒခံယူပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပြုလုပ်ဖို့ ရှိတယ်လို့ ဆီးရီး ယားအစိုးရ သတင်းဌာန က သတင်းထုတ် ပြန်ပါတယ်။

အတိုက်အခံတွေကတော့ ဆီးရီးယားအစိုးရက ဆန့်ကျင်သူတွေကို ပြင်းပြင်းထန် ထန် ခြေမှုန်းတိုက်ခိုက်မှုတွေ လုပ်နေဆဲဖြစ်တဲ့ အတွက် အစိုးရရဲ့ နိုင်ငံရေးလုပ်ဆောင်မှုအားလုံးကို လုံးဝဆန့်ကျင်တယ်လို့ တုံ့ပြန်ထား ပါတယ်။

ဟုမ်းစ် မြို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး အစိုးရတပ်တွေက သူတို့ကို နှိပ်ကွပ်နေဆဲပဲလို့ အတိုက်အခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲရဲ့ ပစ်ခတ်မှုတွေဟာ အဓိကရေနံပိုက်လိုင်းတခုကို ထိမှန်ပျက်စီးစေခဲ့ပြီး ဆီးရီး ယားအစိုးရ ရုပ်မြင်သံကြားကတော့ ဟုမ်းစ် မြို့အနီး တိုက်ပွဲတွေကြောင့် ရေနံချက်စက်ရုံ မီးလောင်နေတဲ့ပုံကို ထုတ်လွှင့်ပြသခဲ့ပါတယ်။