ကမ္ဘာ့ဘဏ် ဥက္ကဌ ဇွန်လကုန်မှာ အနားယူတော့မယ်

  • 16 ဖေဖော်ဝါရီ 2012
Image caption လက်ရှိ ကမ္ဘာဘဏ် ဥက္ကဌ Robert Zoellick

ကမ္ဘာ့ဘဏ် ဥက္ကဌ Robert Zoellick ဟာ လာမယ့် ဇွန်လကုန်မှာ သူ့ရဲ့ ပထမ ငါးနှစ် သက်တမ်း ကုန်သွားရင် ရာထူးက အနားယူတော့မယ်လို့ ကြေညာလိုက်ပါတယ်။

မစ္စတာ ဇိုးလက်ခ် ရာထူးက နှုတ်ထွက်မယ်လို့ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာဘဏ်လို အဖွဲ့အစည်းမှာ အမေရိကန် နိုင်ငံသား မဟုတ်သူတွေ အနေနဲ့ အကြီးအကဲ ရာထူး ပထမဆုံး ရယူနိုင်တော့မယ့် လမ်းပွင့် သွားခဲ့ပါတယ်။

ကမ္ဘာဘဏ် အုပ်ချုပ်မှု ဒါရိုက်တာ အဖွဲ့က မနှစ်က ချမှတ်ခဲ့တဲ့ စည်းမျဉ်းတွေ အတိုင်း အရည်အချင်းကို ကြည့်ပြီး ဥက္ကဌသစ်ကို ရှာဖွေမှာ ဖြစ်ပါတယ်။

ဒါဆိုရင် ကမ္ဘာဘဏ် ဥက္ကဌဟာ အမေရိကန် နိုင်ငံသား ဖြစ်ရမယ် ၊ ကမ္ဘာဘဏ် လက်အောက်က အဖွဲ့အစည်း တွေရဲ့ အကြီးအကဲ ဖြစ်ရမယ် ဆိုတဲ့ အစဉ်အလာကို ရိုက်ချိုးသွားနိုင်မှာ ဖြစ်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု ကတော့ လာမယ့် သီတင်းပတ် တွေအတွင်း သူတို့ အဆိုပြုတဲ့ ကိုယ်စားလှယ်လောင်းကို တင်ပြမယ် ဒါပေမယ့် အမေရိကန် နိုင်ငံသား မဟုတ်ရင် ဒီရာထူး အတွက် စဉ်းစားမလား ဆိုတာကိုတော့ ထည့်ပြောမသွားခဲ့ ပါဘူး။