တိုင်ဝမ် လွတ်လပ်ရေး အတွက် အမေရိကန် ဆန့်ကျင်ဖို့ တရုတ်ပြော

  • 15 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption အမေရိကန်နဲ့ တရုတ် ဒုသမ္မတတွေ

အခု အချိန်ဟာ တရုတ် အမေရိကန် ဆက်ဆံရေးမှာ သမိုင်း စာမျက်နှာသစ် တခုကို စတင်ရတော့မယ့် အချိန်ဘဲလို့ အမေရိကန်မှာ ရောက်နေတဲ့ တရုတ် ဒုတိယ သမ္မတ Xi Jinping က အမေရိကန် လုပ်ငန်းရှင်တွေကို ပြောကြားလိုက်ပါတယ်။

အရှေ့တောင် အာရှ ဒေသ တဝိုက်မှာ ငြိမ်းချမ်းရေး ထွန်းကားလာအောင် အမေရိကန်ရဲ့ အပြု သဘောဆောင်တဲ့ လုပ်ဆောင်ချက် တွေကို ကြိုဆိုပေမယ့် အဲဒီဒေသမှာ ရှိတဲ့ တရုတ်ရဲ့ အကျိုးစီးပွားနဲ့ စိုးရိမ်ပူပန် မှုတွေကို အမေရိကန်က လေးစား လိုက်နာ ရမယ်လို့ မစ္စတာ ရှီက ဝါရှင်တန်မြို့မှာ ပြောသွားခဲ့ပါတယ်။

ဒါဟာ အာရှ ဒေသမှာ စစ်ရေးနဲ့ နိုင်ငံရေး အင်အား ခိုင်မာလာဖို့ ကြိုးစားနေတဲ့ အမေရိကန်ရဲ့ မူဝါဒသစ်ကို တရုတ်က တုန့်ပြန် ပြသ လိုက်တာဘဲလို့ ဝါရှင်တန်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါ့အပြင် ထိုင်ဝမ် လွတ်လပ်ရေး အတွက် အမေရိကန်က အခိုင်အမာ ဆန်ကျင်သင့်တယ်လို့လည်း မစ္စတာ ရှီက ပုံမှန် မဟုတ်တဲ့ ပြင်းထန်တဲ့ လေသံနဲ့ ပြောသွားခဲ့ပါတယ်။