လေယာဉ် ဗုံးခွဲသမား ထောင် တသက် ကျ

  • 17 ဖေဖော်ဝါရီ 2012
bomber ဓာတ်ပုံ မူပိုင် AP
Image caption စွဲချက် ၈ ခု အတွက် အပြစ်ရှိကြောင်း ဝန်ခံ

အမေရိကန် လေယာဉ် တစင်းကို အတွင်းခံ ဘောင်းဘီထဲ ဗုံးထည့်ပြီး ဖောက်ခွဲဖို့ ကြံတဲ့ နိုင်ဂျီးရီးယား လူမျိုး အစ္စလာမ် ဘာသာ၀င် တဦးကို ထောင် တသက် အများဆုံး ပြစ်ဒဏ် အဖြစ် အမေရိကန် ဖက်ဒရယ် တရားသူကြီး တဦးက ချမှတ်ခဲ့ပါတယ်။

လူ ၂၉၀ လောက်ကို သတ်ရန် ကြံစည်မှု အပါအဝင် စွဲချက် ၈ ခု အတွက် အပြစ်ရှိကြောင်း ဖောက်ခွဲရေး သမား အူမာ ဖာရွတ် အဗ္ဗဒူလ် မူတာလဘ်က တရားခွင်မှာ ဝန်ခံ ခဲ့ပါတယ်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာက အမ်စတာဒမ် လေဆိပ်မှာ အနောက်မြောက် လေကြောင်းပိုင် လေယာဉ်တစင်းမှာ လိုက်ပါလာပါတယ် ။

ခရစ္စမတ်နေ့မှာ လေယာဉ် ခရီးဆုံး ဒက်ထရွိုက်မြို့ကို ရောက်ခါ နီးလာတဲ့အခါ သူက ဖောက်ခွဲဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

သူလည်း ဆိုးဆိုးရွားရွား မီးလောင်ခံခဲ့ရပါတယ်။ လေယာဉ်ပေါ် ပါသူများတော့ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး။