ဆီးရီးယား သတ်ဖြတ်မှု ကုလရှုတ်ချ

  • 17 ဖေဖော်ဝါရီ 2012
syria ဓာတ်ပုံ မူပိုင် BBC World Service
Image caption သမ္မတ အာဆတ် ထွက်ပေးဖို့ ကုလ ဆုံးဖြတ်ချက် တောင်းဆို

ကုလ သမဂ္ဂ အထွေထွေ ညီလာခံက ဆီးရီးယား အစိုးရ ရဲ့ ပစ်ခတ် သတ်ဖြတ်မှုတွေကို ရှုံ့ချကြောင်း အာရပ် နိုင်ငံတွေ တင်သွင်းတဲ့ အဆိုကို အတည်ပြုခဲ့ ပါတယ်။

မဖြစ်မနေ လိုက်နာ ဆောင်ရွက်စရာ မလိုတဲ့ ဒီဆုံးဖြတ်ချက်ကနေ သမ္မတ အာဆတ် နှုတ်ထွက် ပေးဖို့ တောင်းဆိုထားပါတယ်။

အဖွဲ့၀င် ၁၃၇ နိုင်ငံက အဆိုကို ထောက်ခံခဲ့ပြီး ၁၂ နိုင်ငံက ကန့်ကွက်မဲ ပေးကာ ၁၇ နိုင်ငံက မဲမပေးဘဲ ကြားနေ ခဲ့ကြပါတယ်။

အရင် ၂ ပတ်က လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့သလိုပဲ ခုတခါ ကန့်ကွက်တဲ့ နိုင်ငံတွေထဲမှာ ရုရှနဲ့ တရုတ် ပါဝင်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို မဖြစ်မနေ လိုက်နာဖို့ မလိုပေမယ့် ဆီးရီးယား လူထုကို နိုင်ငံတကာ ထောက်ခံမှုကို ပြသတဲ့ မဲခွဲ ဆုံးဖြတ်ချက်လို့ ဘီဘီစီ ကုလသမဂ္ဂ သတင်းထောက်က ဆိုပါတယ်။