ဂျာမဏီသမ္မတ ရာထူးကနှုတ်ထွက်

  • 17 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption သူ့အပေါ်ယုံကြည်မှု နည်းလာတာကြောင့် ရာထူးက ဆင်းပေးတာ ဖြစ်ကြောင်းရှင်းပြ

ဂျာမဏီသမ္မတ ခရစ္စတီယန် ဝူ့ဖ်အပေါ် တရားစွဲဆိုမှုကနေ ကင်းလွတ်ခွင့်ပေး ထားတာကို ရုပ်ပေးဖို့ တရားလို ရှေ့နေတွေ က ပါလီမန်ကို တောင်းဆိုခဲ့ပြီး နောက် တနေ့ မှာတော့ မစ္စတာ ဝူ့ဖ်က သူဟာ ရာထူး နှုတ်ထွက်ပြီ ဖြစ်ကြောင်း ရုပ်မြင် သံကြားကနေ ကိုယ်တိုင် ပြောကြား သွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ် အတွင်း သူ့အပေါ် ယုံကြည်မှု နည်းလာတာ ကြောင့် ရာထူးက ဆင်းပေးတာ ဖြစ်ကြောင်းကို လည်း မစ္စတာဝူ့ဖ်က ရှင်းပြသွားပါတယ်။

သူ့ကို ရာထူးက နှုတ်ထွက်ဖို့ တောင်းဆို နေမှုဟာ လပေါင်း အတန်ကြာခဲ့ပြီ ဖြစ်ပါတယ်။

သူ့အပေါ်မှာ အဂတိ လိုက်စားမှုနဲ့ စွပ်စွဲမှုတွေထဲမှာ မသင်္ကာဖွယ် စီးပွားရေး လုပ်ငန်းရှင် ဆီက အိမ်ဝယ်ဖို့ ငွေချေးတာရယ်၊ စရိတ်ငြိမ်း အပျော်ခရီး ထွက်တာတွေ ပါဝင်ခဲ့ပါတယ်။

သူ့အနေနဲ့ ရိုးသားစွား လုပ်ကိုင်ခဲ့တာကြောင့် ဘယ်လို စုံစမ်းစစ်ဆေးမှု မျိုးပဲလုပ်လုပ် သူ့ကို ခွင့်လွှင့်ပေးကြမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

အခုလို မစ္စတာဝူ့ဖ် ရာထူးက နှုတ်ထွက်ဖို့ ဆုံးဖြတ်တာဟာ ဝန်ကြီးချုပ် အန်ဂလာ မာကဲလ် အတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်လို ဖြစ်သွားတာကြောင့် သောကြာနေ့ အီတလီကို သွားမယ့် သူ့ခရီးစဉ်ကို ဝန်ကြီးချုပ် မာကဲလ်က ဖျက်ပစ်ပြီး၊ ဒီဆုံးဖြတ်ချက် အပေါ် အထူး ဝမ်းနည်းကြောင်း သတင်းထောက်တွေကို ထုတ်ဖေါ် ပြောပါတယ်။

မစ္စစ် မာကဲလ် ကိုယ်တိုင် ပြီးခဲ့တဲ့ ၂ နှစ်က ခရစ္စတီယန် ဝူ့ဖ် ကို သမ္မတ အဖြစ် ရွေးချယ်ခဲ့တာ ဖြစ်လို့ အခုတော့ သူ့နေရာ လူစားရှာရေးအတွက် မစ္စစ် မာကဲလ် အခက်အခဲ ရင်ဆိုင်နေရတဲ့ အကြောင်း ဘာလင်မှ ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ပါတယ်။