လစ်ဗျားတော်လှန်ရေး တနှစ်ပြည့် ကျင်းပ

  • 17 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ဘန်ဂါဇီမြို့ အခမ်းအနားကိုတော့ လစ်ဗျား ခေါင်းဆောင်သစ်တွေ တက်ရောက်မယ်

လစ်ဗျားနိုင်ငံမှာ မွန်မာကဒါဖီကို ဖြုတ်ချ နိုင်ခဲ့တဲ့ တော်လှန်ရေး တနှစ်ပြည့် အခမ်း အနား တွေကို လစ်ဗျားပြည်သူတွေ ဆင်ယင် ကျင်းပနေကြ ပါတယ်။

မြို့တော် ထရီပိုလီ၊ မြို့ ဘန်ဂါဇီနဲ့ တခြား မြို့တွေ က လမ်းမတွေပေါ်ကို မနေ့က နှောင်းပိုင်းမှာ လူတွေ ထွက်လာခဲ့ကြပြီး တော်လှန်ရေးစတင်ခဲ့တဲ့ တနှစ်ပြည့် အခမ်းအနားတွေကို စတင်ဆင်နွှဲ ခဲ့ကြတာ ဖြစ်ပါတယ်။

အခမ်းအနားတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ မဖြစ်စေရအောင် အဲဒီမြို့ တွေက မြို့လယ်နေရာတွေမှာ စစ်ဆေးရေးဂိတ်တွေကို ဖွင့်ထားလိုက်ပါတယ်။

လူထုအုံကြွမှုတွေ စတင်ခဲ့ရာ ဘန်ဂါဇီမြို့က လူထုအများအပြား တက်ရောက်တဲ့ အခမ်း အနားမှာတော့ လစ်ဗျားခေါင်းဆောင်သစ်တွေ တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။

ဘန်ဂါဇီမြို့ခံတဦးက ဘီဘီစီကိုပြောရာမှာ ပြီးခဲ့တဲ့ နှစ်ထဲမှာ လစ်ဗျားဟာ အခုလို အပြောင်းလဲကြီး ပြောင်းလဲသွားမယ်ဆိုတာ သူ့အနေနဲ့ ဘယ်တုန်းကမှ စိတ်ကူး မယှဉ်ခဲ့ဘူး ဖူးလို့ ဆိုပါတယ်။

ဒါမေယ့်လည်း တော်လှန်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့သူတွေဟာ အစိုးရရဲ့ ထိန်းချုပ်မှု အောက်မှာ မရှိသေးတဲ့ အတွက် လစ်ဗျားနိုင်ငံ တည်ငြိမ်ရေးအတွက် စိုးရိမ်မှုတွေ ဆက်လက် ရှိနေဆဲဖြစ်ပါတယ်။