နောက်ဆုံး ရေးသားချိန် 17 ဖေဖေါ်ဝါရီလ 2012 - 17:04 GMT

ဖေဖေါ်ဝါရီ ၁၇ ရက် တမိနစ် ဗီဒီယို သတင်းလွှာ

မီဒီယာ ပလေးယား

ဂျာမန်သမ္မတ ခရစ္စတီယန်ဝဖ် က ရာထူးကနေ နုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။

ငွေချေးငှားမှုဆိုင်ရာအရှုတ်တော်ပုံတခုနဲ့ပတ်သက်ပြီး သမ္မတအပေါ် တရားစွဲဆို မှုကင်းလွတ်ခွင့်ကို ဖယ်ရှားပေးဖို့ လွှတ်တော်မှာ တရားလိုရှေ့နေတွေက ပန်ကြားခဲ့ကြပြီး နောက်တနေ့မှာ အခုလို နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆီးရီးယားအစိုးရရဲ့ အကြမ်းဖက်မှုကို ရှုတ်ချပြီး သမ္မတအာဆတ်ကို အာဏာစွန့်ဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်ကို မဲအများစုအသာနဲ့ အတည်ပြုခဲ့ပါတယ်။

ဒါဟာ ဆီရီးယားပြည်သူတွေကို နိုင်ငံတကာက ထောက်ခံအားပေးတယ်ဆိုတာကို အထင်အရှားပြခဲ့တာဖြစ်ပါတယ်။

ဂရိနိုင်ငံ တောင်ပိုင်း အိုလမ်ပီယာမြို့ ပြတိုက်တခုကနေ ရှေးဟောင်းပစ္စည်း ၆၀ကျော်ကို လက်နက်ကိုင်လူတစုက လုယက်သွားခဲ့ပါတယ်။

လုယက်သူ၂ ဦးက ပြတိုက်အစောင့်ကို ကြိုးတုတ်ပြီး မှန်ဘီဒိုကို တူနဲ့ ရိုက်ခွဲ့ကာ ပြထားတဲ့ ပစ္စည်းတွေကို လုသွားခဲ့တာဖြစ်ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။