အီရန်ကြောင့် စစ်အေးတိုက်ပွဲ ဖြစ်လာနိုင်

  • 18 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption အီရန်အပေါ် စစ်ရေးအရ တုံ့ပြန်တာတွေကို သူ့အနေနဲ့ အားပေးမှာ မဟုတ်ဘူးလို့ပြော

အီရန်နိုင်ငံရဲ့ နျူးကလီးယား ရည်မှန်းချက် တွေကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ စစ်အေး တိုက်ပွဲသစ် တခု ဖြစ်လာနိုင်တယ် လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟိတ်က ပြောကြား လိုက်ပါတယ်။

အီရန်အနေနဲ့ နျူးကလီးယား လက်နက် ထုတ်လုပ် နိုင်တဲ့ အခြေအနေ ရရှိ သွားမယ် ဆိုရင် အဲဒီဒေသတွင်း တခြားနိုင်ငံတွေ ကလည်း နျူကလီးယား လက်နက် လိုက်ထုတ် ချင်ကြလိမ့်မယ်လို့ မစ္စတာ ဟိတ်ကပြော ပါတယ်။

ဒါဆိုရင်တော့ ၁၉၄၀ ခုနှစ်တွေအတွင်းက စတင်ခဲ့တဲ့ နျူးကလီးယားလက်နက် ထုတ်လုပ်မှု ဟာ အခုအချိန်မှာ ထုတ်လုပ်မှု အမြင့်မားဆုံး အနေအထားကို ရောက်ရှိစေနိုင် ပါတယ်။

မစ္စတာဟိတ်က အီရန်ကို စစ်ရေးအရ တုံ့ပြန်မှုတွေလုပ်တာကို သူ့အနေနဲ့ အားပေးမှာ မဟုတ်ဘူးလို့ the Daily Telegraph သတင်းစာနဲ့ မေးမြန်းခန်းမှာ ပြောကြားသွားပါတယ်။

အနောက်နိုင်ငံတွေကလည်း ပိတ်ဆို့အရေးယူမှုနဲ့ ဖိအားပေးမှု ဗျူဟာတွေကို ဆက်လက် လုပ်ဆောင်သင့်ကြောင်းနဲ့ တချိန်တည်း မှာပဲ စေ့စပ်ဆွေးနွေးရေးကိုလည်း လုပ်ဆောင်သင့် တယ်လို့ မစ္စတာဟိတ်က ပြောကြားသွားပါတယ်။