မွန်ပြည်သစ်ပါတီ အရေးပေါ်အစည်းအဝေး ကျင်းပ

NMSP
Image caption မွန်ပြည်သစ် တပ်သားများ စစ်ရေး လေ့ကျင့်

မွန်ပြည်သစ် ပါတီရဲ့ အရေးပေါ် ဗဟို ကော်မတီ အစည်းအဝေး ကျင်းပနေရာမှာ ဖေဖော်ဝါရီ ၁ ရက် ကဆွေးနွေးထားတဲ့ အ စိုးရနဲ့ ဘဘော တူညီချက်တွေကို ဆွေးနွေး နေပါတယ်။

အပစ် အခတ် ရပ်စဲရေး နဲ့ ပတ်သက်ပြီး မွန် ပြည်သစ် ပါတီရဲ့ အဌမအကြိမ် ပါတီ ညီလာခံရဲ့ မူ ၃ ချက်ရှိပါတယ်။

တပြည်လုံး အပစ်အခတ် ရပ်ဆဲရေး၊ နိုင်ငံရေး အရ အမြန်ဆုံး တွေ့ဆုံရေး နဲ့ တိုင်းရင်းသား အဖွဲ့တွေ စုပေါင်း တွေ့ဆုံရေးတွေ ဖြစ်ပါတယ်။

ဒီအချက်တွေကို စံထားပြီးတော့ အခု အစိုးရနဲ့ သဘော တူထားတဲ့ အချက်တွေကို ဆွေး နွေးကြမှာ ဖြစ်တယ်လို့ မွန်ပြည်သစ် ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ က ပြောပါတယ်။

နိုင်ဟံသာက အစိုးရနဲ့ ဆက်ပြီး ဆွေးနွေး သွားမယ့် အကြောင်း နဲ့ ဗဟို ကော်မတီ အစည်း အဝေးရဲ့ ဆုံးဖြတ်ချက် ပေါ်မှာ မူတည် ပြီး အပစ် အခတ်ရပ်စဲရေး ဆက်လုပ် မလုပ်ကို ဆုံးဖြတ်မယ်လို့ ပြောသွား ပါတယ်။

အစိုးရ ဘက်ကလဲ ဒီ ဖေဖော်ဝါရီ လ အတွင်းမှာ ထပ်မံ တွေ့ဆုံ ဖို့ လိုလား နေတာ ဖြစ်ပါ တယ်။

မွန်ပြည်သစ် ပါတီဘက်က မွန် အမျိုးသား နေ့ ကျင်းပရေး ကိစ္စ အတွက် အလုပ်များ နေလို့ အခုမှ အစည်းအဝေးကို ကျင်းပနိုင်ခဲ့ တာ ဖြစ်ပါတယ်။

အစိုးရနဲ့ ပဏာမ သဘောတူ ထားတဲ့ ၅ ချက်ကတော့ အပစ်အခတ် ရပ်ဆဲရေး၊ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နဲ့ ဆွေးနွေးဖို့ မွန်ပြည်သစ် ပါတီ ကိုယ်စားလှယ် အဖွဲ့ တရားဝင် ဖွဲ့စည်းဖို့ နဲ့ ဆွေးနွေးမယ့် နေ့ရက် နဲ့ အချိန်၊ နေရာတွေကို ညှိနှိုင်းဖို့ ဖြစ် ပါတယ်။

ဒါတွေကို ဆွေးနွေးရမယ့် အကြောင်းနဲ့ အခြေအနေ အားလုံးကို သုံးသတ်ပြီး မှ ဆုံးဖြတ် နိုင်မယ်လို့ လဲ နိုင်ဟံသာက ပြောပါတယ်။

တကယ်တော့ မွန်ပြည်သစ် ပါတီဟာ ၁၉၉၅ ခုနှစ် မှာ အစိုးရနဲ့ အပစ် ရပ်စဲခဲ့ ပြီး ၂၀၁၀ ခုနှစ် အောက်တိုဘာလ မှာ နယ်ခြားစောင့် တပ်ပြဿနာ ကြောင့် အပစ်အခတ် ရပ်ဆဲရေး ပျက်ပြား သွားခဲ့ ပါတယ်။

ဒီအခြေအနေ ကနေ ၂၀၁၁ ခုနှစ် အောက်တိုဘာ လမှာ မွန်ပြည်နယ် ရေးမြို့မှာ နှစ်ဖက် ပြန်လည် ဆွေးနွေး ခဲ့ကြရာက အခုလို ပဏာမ သဘောတူ ညီချက်တွေ ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။