ဆီးရီးယားမှာ နှစ်ဘက် ဆွေးနွေးဖို့ တရုတ်ပြော

  • 18 ဖေဖော်ဝါရီ 2012
syria ဓာတ်ပုံ မူပိုင် syria
Image caption သမ္မတ အာဆတ်ဒ်နဲ့ ဆွေးနွေးနေတဲ့ တရုတ်ကိုယ်စားလှယ် အဖွဲ့

ဆီးရီးယား နိုင်ငံက ဒမတ်စကတ်စ် မြို့တော်မှာ ရောက်ရှိနေတဲ့ တရုတ် ကိုယ်စားလှယ် အဖွဲ့ဟာ သမ္မတ ဘာရှာ အဲလ် အာဆတ်ဒ်နဲ့ တွေဆုံခဲ့ပြီး သူ့ရဲ့ တပ်တွေနဲ့ အတိုက်အခံတွေ ရင်ဆိုင် နေကြတဲ့ အပေါ်မှာ ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ အတွက် တိုက်တွန်း လိုက်ပါတယ်။

တရုတ် ကိုယ်စားလှယ် တွေက ဆီးရီးယားမှာ သူပုန်တွေ ဘက်ကရော အစိုးရ တပ်တွေဘက် ကပါ တိုက်ခိုက် နေကြ တာတွေကို ရပ်တန့်ပြီး ဖွဲ့စည်းပုံ မှာပြောင်းလဲမှုတွေ လုပ်ဖို့ အတွက်ကို ဆန္ဒ ခံယူပွဲ လုပ်ဖို့ ကိုလဲ တိုက်တွန်းလိုက် ပါတယ်။

တရုတ် ကိုယ်စားလှယ် ကျိုင်း ဂျုံက တရုတ်နိုင်ငံ အနေနဲ့ တိုက်ခိုက် နေကြတာကို ရပ်တန့်ဖို့နဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ အတွက် နှစ်ဘက်စလုံးက တွေ့ဆုံဆွေးနွေး မှုတွေ လုပ်ဖို့ ကို တိုက်တွန်းကြောင်း ကို ပြောကြား သွားပါတယ်။

အဲဒီလို တွေ့ဆုံ နေကြစဉ်မှာ ဒမတ်စကတ်စ် မြို့တွင်းမှာလဲ တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွား နေခဲ့ပါတယ်။ အဲဒီ ဒမတ်စကတ်စ် မြို့မှာ ပြုလုပ်ခဲ့တဲ့ အသုဘ တခုကနေ မြို့တွင်းမှာ အကြီးမားဆုံး ဆန္ဒပြပွဲကြီး တခု ဖြစ်ခဲ့တယ်လို့လဲ ဆိုပါတယ်။ လုံခြုံရေး တပ်တွေက ပစ်ခတ်ခဲ့တဲ့ အတွက် အနည်းဆုံး လူတဦး သေဆုံးခဲ့ပြီး နိုင်ငံတွင်း က တခြား ဒေသတွေမှာလဲ နောက်ထပ် ၁၂ ဦး အသက် ဆုံးရှုံး ခဲ့တယ်လို့ အတိုက်အခံ တွေဘက်က ပြောပါတယ်။