တရုတ်ဒုတိယသမ္မတ အိုင်ယာလန်ကိုရောက်ရှိ

  • 19 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် PA
Image caption အိုင်ယာလန်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အတွက် စိတ်ဝင်စားတယ်လို့ ပြောပါတယ်

တရုတ် ဒုတိယ သမ္မတ ရှီ ဂျင်ပင်းဟာ အိုင်ယာလန်နိုင်ငံနဲ့ စီးပွားရေးဆိုင်ရာ ပူပေါင်း ဆောင်မှုတွေ လုပ်နိုင်ရေး အလားအလာတွေ အတွက် စုံစမ်းလေ့လာဖို့ အိုင်ယာလန်နိုင်ငံ ကိုရောက်ရှိနေပါတယ်။

တရုတ်နိုင်ငံရဲ့ နောက်တက်မယ့် ခေါင်းဆောင်လို့ ယူဆရတဲ့ မစ္စတာရှီက တရုတ်နိုင်ငံအနေနဲ့ ဥရောပမှာ အခုလက်ရှိ ရင်ဆိုင်နေရတဲ့ စီးပွားရေး ပြဿနာတွေကို ကူညီ ဖြေရှင်းပေးဖို့ ဆန္ဒရှိ တယ်လို့ ပြောကြားပါတယ်။

အထူးသဖြင့်တော့ ဇီဝနည်းပညာ၊ စိုက်ပျိုးမွေးမြူရေးနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေမှာ အိုင်ယာလန်နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ဖို့အတွက် စိတ်ဝင်စားတယ်လို့ ပြောပါတယ်။

မစ္စတာ ရှီဟာ စီးပွားရေး လုပ်ငန်းရှင် ၁၅၀ နဲ့အတူ ဝါရှင်တန်က အစည်းအဝေးကို တက်ရောက်ခဲ့ပြီး အပြန်မှာ ဥရောပသမဂ္ဂ အဖွဲ့ဝင် အိုင်ယာလန်နိုင်ငံကို တထောက် ဝင်ခဲ့တာ ဖြစ်ပါတယ်။