ဂျော်ဒန်က ဆီးရီးယားနဲ့ နယ်စပ်မှာ ဒုက္ခသည် စခန်းဆောက်

  • 19 ဖေဖော်ဝါရီ 2012
syria ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဒုက္ခသည် စခန်းတခုက ဆီးရီးယား ဒုက္ခသည်များ

ဂျော်ဒန် နိုင်ငံက သူ့ရဲ့ မြောက်ဘက်က ဆီးရီးယား နိုင်ငံနဲ့ နယ်စပ် အနားမှာ ဆီးရီးယားပြည်တွင်းကတိုက်ပွဲတွေကြောင့် အများအပြား ထွက်ပြေးလာ ကြမယ်လို့ ခန့်မှန်းထားတဲ့ ဆီးရီးယား ပြည်သူတွေ အတွက် ဒုက္ခသည် စခန်း ကိုတည်ဆောက် နေပါတယ်။

နယ်စပ်ရဲ့တောင်ပိုင်းက ကီလိုမီတာ ၂၀ လောက် အကွာမှာ တည်ရှိတဲ့ ဒီဒုက္ခသည်စခန်းဟာ လာမဲ့ သတင်း ၂ပတ်အတွင်း မှာပဲ အသင့် ဖြစ်လာနိုင် မှာဖြစ်တယ်လို့ အဲဒီ စခန်းရဲ့ တည်ဆောက်ရေး တာဝန်ခံက ပြောပါတယ်။

ဒီ စခန်း တည်ဆောက် ပြီးစီးသွားတဲ့ အခါမှာ ဒုက္ခသည် မိသားစုတွေ နေထိုင်နိုင်မဲ့ တဲပေါင်း ၁၀၀၀ လောက် ဝင်ဆံ့မှာ ဖြစ်ပါတယ်။ ဒီ စခန်း တည်ဆောက်ရေး လုပ်ငန်း ဟာ ကုလသမဂ္ဂ နဲ့ ဂျော်ဒန် အစိုးရတို့ ပူးပေါင်း တည်ဆောက်ကြတာ ဖြစ်ပါတယ်။