ပြင်သစ် သမ္မတ ဆာကိုဇီ မဲဆွယ်ပွဲ စပြီ

  • 19 ဖေဖော်ဝါရီ 2012
sarkozy ဓာတ်ပုံ မူပိုင် Reuters
Image caption ရွေးကောက်ပွဲဝင်ဦးမယ့် ပြင်သစ် သမ္မတ ဆာကိုဇီ

ပြင်သစ် တောင်ပိုင်း မှာရှိတဲ့ မာဆေးလ် ဆိပ်ကမ်း မြို့မှာတော့ သမ္မတ နစ်ကိုးလပ်စ် ဆာကိုဇီ က ပထမဆုံးမဲဆွယ် စည်းရုံးရေး လှုပ်ရှားမှုမှာ သူ့ရဲ့ စီးပွားရေး မူဝါဒတွေနဲ့ ပတ်သက်လို့ ကာကွယ် ပြောကြားသွားခဲ့ ပါတယ်။

သူ နောက်ထပ် သက်တမ်း တကြိမ် အတွက် ပြန်လည် အရွေးခံမယ်လို့ ကြေငြာခဲ့ပြီး ၄ ရက် မြောက်နေ့မှာ မစ္စတာ ဆာကိုဇီက သူ့အစိုးရဟာ စီးပွားရေး ကျဆင်းနေတဲ့ ကာလမှာ စီးပွားပျက် ကပ်မျိုးနဲ့ မကြုံရအောင် ရှောင်လွှဲ ပေး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး သူက ပြင်သစ် အထက်တန်း လွှာတွေ အတွက်သာ မကဘဲ ပြင်သစ် နိုင်ငံသား အားလုံးရဲ့ ခေါင်းဆောင် ဖြစ်လိုကြောင်း လဲ ကြေငြာသွား ပါတယ်။

နောက်ဆုံးကောက်ခံထားတဲ့သဘောထား စစ်တမ်းတွေအရတော့ ဆိုရှယ်လစ်သမ္မတလောင်း ဖရန်ဆွာ အိုလန်းဒ် ရဲ့ လူကြိုက်များမှုဟာ မသိမသာ ပိုများနေဆဲဖြစ်ပြီး သူပဲ အနိုင်ရသွားဖို့ ဖြစ်နိုင်တယ် လို့လဲ ခန့်မှန်း နေကြပါတယ်။