DKBA နဲ့ BGF အကြား တိုက်ပွဲများ ဆက်ဖြစ်

  • 20 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် afp
Image caption DKBA တပ်ဖွဲ့ဝင်များ

ကရင် ပြည်နယ် လှိုင်းဘွဲ မြို့နယ် မြိုင်ကြီးငူ ဒေသမှာ ဘီဂျီအက်ဖ် နယ်ခြား စောင့်တပ်နဲ့ ဒီကေဘီအေ တပ်တွေ ဒီနေ့လည်း နှစ်ဖက် ကြားမှာ ပစ်ခတ် ကြလို့ ဒီကေဘီအေ အရာရှိ တစ်ယောက် ဒါဏ်ရာ ရသွား ပါတယ်။

တနင်္ဂနွေနေ့က ဘီဂျီအက်ဖ် နယ်ခြားစောင့် တပ်တွေ ဒီကေဘီအေဆီက သိမ်းသွားတဲ့ လက်နက်တွေကို ၂ ရက် အတွင်း ပြန်မပေးရင် ဒီကေဘီအေက ဘီဂျီအက်ဖ် တွေကို တိုက်ခိုက် သွားမယ်လို့ ဒီကေဘီအေ ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောကြား လိုက်ပါတယ်။

မကြာခင်တုံးကပဲ မြိုင်ကြီးငူ ဒေသက ဘီဂျီအက်ဖ် နယ်ခြား စောင့် တပ်ဖွဲ့ ၀င်တွေ ကို မြိုင်ကြီးငူ ဆရာတော်ကဒီကေဘီအေ အဖြစ် အသွင် ပြောင်းခိုင်းတာကို မနာခံတဲ့ အတွက် ဘီဂျီအက်ဖ် တပ်ဖွဲ့၀င် တချို့ရဲ့ လက်နက်တွေကို ဆရာတော် အမိန့်နဲ့ သိမ်းဆည်းလိုက် ပါတယ်။

အခု ဒီကေဘီအေ လက်နက်တွေကို ဘီဂျီအက်ဖ်က သိမ်းယူတာဟာ အဲဒီကိစ္စကို လက်စား ချေတာဖြစ် နိုင်တယ်လို့ ဒီကေဘီအေ ဗိုလ်မှူး စောဆန်းအောင်က ပြော ပါတယ်။

တနင်္ဂနွေနေ့က မြိုင်ကြီးငူ အခြေစိုက် ဘီဂျီအက်ဖ် နယ်ခြား စောင့်တပ်ကနေ အဲဒီ အနား တဝိုက်မှာ လှုပ်ရှားနေတဲ့ ဒီကေဘီအေ ကလို့ထူးလား တပ်ဖွဲ့၀င် ၄၀ ဆီက သေနတ် အလက် ၄၀ ကို သိမ်းယူ လိုက်ပါ တယ်။

အဲဒါကြောင့် စစ်ကူ လိုက်သွားတဲ့ ဒီကေဘီအေနဲ့ ဘီဂျီအက်ဖ်တွေ တိုက်ခိုက် ကြလို့ နှစ်ဖက် ကြားမှာ ၃ ယောက် သေပြီး ၆ ယောက် ဒါဏ်ရာ ရသွားတယ်လို့ ဒီကေဘီအေက ပြောပါ တယ်။