လစ်ဗျား ဒေသန္တရ ရွေးကောက်ပွဲ ပါလီမန်ရဲ့ အကြိုစမ်းသပ်မှု

  • 21 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ကဒါဖီ အလောင်း ပြထားခဲ့တဲ့ မစ်စရာတာမြို့က အအေးခန်း

လစ်ဗျားနိုင်ငံက တတိယ အကြီးဆုံးမြို့ဖြစ်တဲ့ မစ်စရာတာမြို့မှာ ဗိုလ်မှူးကြီး ကဒါဖီ ဖယ်ရှားခံလိုက်ရပြီး နောက်ပိုင်း ပထမဆုံး ဒေသန္တရ ရွေးကောက်ပွဲတွေ ကျင်းပနေပါတယ်။

ကဒါဖီ အုပ်ချုပ်ခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်လေးဆယ်ကျော် အတွင်း ဒီမိုကရေစီ နည်းလမ်း ကျတဲ့ ရွေးကောက်ပွဲတွေ ကျင်းပတာ မရှိခဲ့ ပါဘူး။

အခု ဒေသန္တရ ရွေးကောက်ပွဲ တွေဟာ လာမယ့် ဇွန်လမှာ ကျင်းပမယ့် ပါလီမန် ရွေးကောက်ပွဲတွေ အတွက် ကြိုတင် စမ်းသပ်မှု တခုဘဲလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ပြောပါတယ်။

လစ်ဗျားနိုင်ငံမှာ ကဒါဖီ ဆန့်ကျင်ရေး အုံကြွမှု အတွင်း မစ်စရာတာမြို့မှာ တိုက်ပွဲတွေ အဆိုးရွားဆုံး ဖြစ်ပွားခဲ့တဲ့ နေရာ ဖြစ်ပါတယ်။