ကန့်သတ်ချက်ရှိရင် တရားမျှတမှုမရှိလို့ NLD ပြော

  • 20 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆွယ် ပွဲမှာ NLD ကို ကန့်သတ် ချက်တွေ လုပ်နေတာ ကြောင့် ရွေးကောက်ပွဲ တရား မျှတမှုကို ထိခိုက် နိုင်တယ်လို့ NLD က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ထုတ်ပြန် လိုက်ပါတယ်။

သတင်းစာ ရှင်းလင်း ပွဲကို NLD အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဦးဆောင်ပြီး ပြုလုပ်တာ ဖြစ်တယ်။

ဒေါ်အောင်ဆန်း စုကြည် နယ်ထွက်ပြီး မဲဆွယ် ဟောပြော တဲ့အခါ ဘောလုံးကွင်းတွေ အသုံးပြုခွင့် မပေးတာ ကချင် ပြည်နယ် နမ္မတီးမှာ ဟောပြော ဖို့ကို လုံခြုံရေး အရ ခွင့်မပြုဘူး ဆိုတဲ့ ကန့်သတ်ချက် တွေကြောင့် တရား မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင် ဘူးလို့ အတွင်း ရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက က ပြောပါတယ်။

ဒါပေမဲ့ ဒီကချင် ပြည်နယ် ခရီးစဉ် ကို တနင်္လာနေ့ က ပြန်လည် ခွင့်ပြု လိုက်ပါတယ်။

အခုလို ခွင့်ပြုချက် ရသွားတဲ့ အတွက် ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နဲ့ ၂၄ ရက်နေ့မှာ မြစ်ကြီးနား၊ မိုကောင်း နဲ့ ဗန်းမော်ကို သွားရောက် စည်းရုံးဖို့ ရှိပါတယ်။

မတ်လ ၅ရက် နဲ့ ၆ ရက်နေ့တွေမှာ နေပြည်တော်၊ ထန်းတပင်၊ အုတ်တွင်း မြို့တွေကို သွားရောက် မဲဆွယ်ဖို့ ရှိပါတယ်။