တောင်ကိုးရီးယား စစ်ရေးလေ့ကျင့်မှု ဝေဖန်ခံရ

  • 20 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် bbc
Image caption တောင်ကိုးရီးယားရဲ့ စစ်ရေး လေ့ကျင့်ပစ်ခတ်မှု

တောင်ကိုးရီးယား နဲ့ မြောက်ကိုးရီးယား ၂ နိုင်ငံ အငြင်းပွား မှုတွေ ဖြစ်ခဲ့တဲ့ မြောက် ကိုးရီးယား နယ်စပ်မှာ တောင် ကိုးရီးယား နိုင်ငံက စစ်ရေး လေ့ကျင့်မှု တရပ်ကို လုပ်ဆောင် ခဲ့ပါတယ်။

မြောက်ကိုးရီးယား နိုင်ငံရဲ့ တားမြစ် ထားတဲ့ ကြားက အခုလို လုပ်ဆောင် ခဲ့တဲ့ စစ်ရေး လေ့ကျင့်မှု မှာ အမြောက်တွေ၊ မော်တာတွေ အပြင် ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ် တိုက်ခတ် မှုတွေ ပါ၀င်ပါတယ်။

မြောက်ကိုးရီးယားက ဗုံးကြဲ တိုက်ခိုက်မှုကြောင့် တောင်ကိုးရီးယား နိုင်ငံသား ၄ ဦး သေဆုံးခဲ့တဲ့ ကျွန်းတခု အနီးမှာ အခုလို စစ်ရေး လေ့ကျင်မှု တွေကို တောင်ကိုးရီးယားက လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။

ဒီစစ်ရေး လေ့ကျင့်မှုတွေ မလုပ်ခင်မှာ ဒေသံအနီးမှာ နေထိုင်တဲ့ လူထောင်ပေါင်း များစွာဟာ ဗုံးခို ကျင်းတွေထဲ ဝင်ရောက် ပုန်းခို ခဲ့ကြ ပါတယ်။

တောင်ကိုးရီးယား နိုင်ငံကတော့ ဒီစစ်ရေး လေ့ကျင့်မှု တွေဟာ ပုံမှန်စစ်ရေး လေ့ကျင့်မှု တခုလို ဆိုနေပေမဲ့ မြောက်ကိုးရီးယား နိုင်ငံကတော့ ဒီလုပ်ရပ်ဟာ ကြိုတင် စီစဉ်မှု တခု ဖြစ်တယ်လို့ စွပ်စွဲ ပြောကြား လိုက်ပါတယ်။