ကိုရမ်ကျမ်း မီးရှို့မှု အာဖဂန်မှာ ဆန္ဒပြ

  • 22 ဖေဖော်ဝါရီ 2012
afghan
Image caption လူတွေ ရာနဲ့ချီ ဆန္ဒပြခဲ့

မြောက်အတ္တလန်တိတ် စာချုပ် NATO အဖွဲ့ဝင် တပ်သား တွေ က ကိုရမ်ကျမ်း တွေကို မတော် တဆ မီးရှို့ ခဲ့တယ်လို့ နေတိုး ရဲ့ ပြောဆို တာကို မကျေနပ် ကြတဲ့ အတွက် အာဖဂန် နစ္စတန် နိုင်ငံသား ရာပေါင်း များစွာက ဆန္ဒပြ ခဲ့ကြ ပါတယ်။

ခါဘူ နဲ့ ခူနာ ပြည်နယ် တွေမှာ ဖြစ်ပွား ခဲ့တဲ့ ဆန္ဒ ပြပွဲမှာ လူ ၄ ဦး သေဆုံးပြီး ၂၀ ကျော် ဒါဏ်ရာ ရခဲ့ပါတယ်။

ဆန္ဒပြသူတွေက 'အမေရိကန် ကျဆုံးပါစေ' ဆိုပြီး ဟစ်ကြွေး ခဲ့ကြ သလို ပြတင်းပေါက် မှန်တွေကို ရိုက်ခွဲပြီး ကားတာယာ တွေကို မီးရှို့ခဲ့ ကြပါတယ်။

အာဖဂန် နစ္စတန် ပါလီမန် မှာလည်း နိုင်ငံရေး သမား တွေက မီးရှို့ ခံထား ရတဲ့ ကိုရမ်ကျမ်း တွေကို ပြပြီး အတော်ကို မကျေ မနပ် ဖြစ်နေ ကြပါတယ်။

ခါဘူ တောင်ပိုင်း ဘာကရန် အရပ် မှာ ရှိတဲ့ အမေရိကန် စစ် အခြေစိုက် စခန်းမှာ ဖြစ်ပွား ခဲ့တဲ့ ဒီကိစ္စ နဲ့ ပတ်သက်ပြီး မနေ့က အမေရိကန် အစိုးရက တောင်းပန် ထားပါတယ်။