အပစ်အခတ် ရပ်စဲမှု DKBA ဖျက်သိမ်း

  • 22 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် afp
Image caption DKBA တပ်သားများ

ပြီးခဲ့တဲ့ နိုဝင် ဘာလ ၃ ရက်နေ့က မြန်မာအစိုးရ နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ ခဲ့တဲ့ ဒီမိုက ရက်တစ် ကရင် ဗုဒ္ဓဘာသာ အဖွဲ့ (DKBA) က အစိုးရကို ပြန်တိုက်ဖို့ ကြေငြာ လိုက်ပါတယ်။

ကရင် ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ ဒေသ အခြေစိုက် ဘီဂျီအက်ဖ် နယ်ခြား စောင့်တပ် ကနေပြီးတော့ အဲဒီဒေသမှာ လှုပ်ရှား နေတဲ့ ဒီကေဘီအေ စစ်သား တချို့ဆီကနေ ပြီးခဲ့တဲ့စနေနေ့ တုံးက လက်နက် တွေကို သိမ်းယူ ခဲ့ရာကနေ ပြဿနာ စဖြစ်ခဲ့တာပါ။

လက်နက် တွေကို ပြန်ရရေးနဲ့ ပတ်သက် ပြီးတော့ ဒီကေဘီအေက ကြိုးစား နေရာက ဒီနေ့ နှစ်ဖက် ကြား ပြေလည်မှု မရတဲ့ အတွက် ဒီကေဘီအေ ကလို့ထူးလား စစ်ဗျူဟာ အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် စောဘိခို့က အစိုးရနဲ့ လုပ်ထားတဲ့ အပစ် အခတ် ရပ်စဲရေးကို ဖျက်သိမ်း လိုက်ပြီလို့ ပြောကြား လိုက်ပါတယ်။

ကလို့ထူးဖော စစ်ဗျူဟာ ခေါင်းဆောင် ဗိုလ်ချုပ် နှုတ်ခမ်းမွှေး အပါအဝင် လက်အောက်ခံ စစ်ဗျူဟာ တွေ ဖြစ်တဲ့ ကလို့ ထူးဝါး နဲ့ ကလို့ ထူးလား စစ်ဗျူဟာ တွေပါ အရင် ၄ လ နီးပါးက အပစ် အခတ် ရပ်စဲဖို့ သဘော တူညီချက် ကို ဖျက်သိမ်း လိုက်တာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ကရင် အမျိုးသား အစည်းအရုံး (KNU) ကတော့ အစိုးရနဲ့ တဆင့်ချင်း ဆက်ပြီးဆွေးနွေးမယ့် အကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

မတ်လ မှာ အစိုးရနဲ့ ဆွေးနွေးမယ့် အကြောင်းပြောနေပေမယ့် နေရက် နဲ့ နေရာ တွေကို တော့ မသတ်မှတ်ရသေးဘူး လို့ ဆိုပါတယ်။