မူဘာရက် အမှု ဇွန်လဆုံးဖြတ်

  • 23 ဖေဖော်ဝါရီ 2012
mubarak ဓာတ်ပုံ မူပိုင်
Image caption မူဘာရက် အမှု စီရင်ချက် ချဖို့ ရက်သတ်မှတ်

အီဂျစ် သမ္မတဟောင်း ဟော့စနီ မူဘာရက် အမှုကို ၆ လ ကြာ စစ်ဆေးနေတဲ့ တရား သူကြီးက ဇွန်လ ၂ ရက်နေ့ကို စီရင်ချက် ချဖို့ ရက်သတ်မှတ် လိုက်ပါတယ်။

တရားခွင် အတွင်းမှာ မစ္စတာ မူဘာရက်ဟာ စကား သိပ်မပြောဘဲ ဗုဒ္ဓဟူးနေ့က တရားခံ ဘက်က နောက်ဆုံး လျှောက်လဲချိန် မှာလည်း ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

သမ္မတဟောင်း၊ ပြည်ထဲရေး ဝန်ကြီးဟောင်း ဟာဘစ် အယ်လ် အဒ်လီနဲ့ လုံခြုံရေး အရာရှိ ကြီးဟောင်း ၆ ယောက် ကို မနှစ် ဆန္ဒပြပွဲများ အတွင်းက လူ ရာချီ သေဆုံးခဲ့ရမှုတွေ အတွက် တာဝန်ရှိတယ်လို့ စွပ်စွဲ ထားပါတယ်။