ဆီးရီးယား အပစ်မရပ်သေး

  • 22 ဖေဖော်ဝါရီ 2012
syria ဓာတ်ပုံ မူပိုင်
Image caption ကြက်ခြေနီက အရေးပေါ် ကုသပေး

မြောက်ပိုင်းမှာ အစိုးရတပ်တွေ ပစ်ခတ်မှုကြောင့် လူ ၁ဝဝ ကျော် သေဆုံးခဲ့တယ်လို့ ဆီးရီးယား အတိုက်အခံတွေက ပြောပါတယ်။

ဟုမ်းစ်မြို့ကို အပြင်းအထန် ဗုံးကြဲချိန်မှာ အနည်းဆုံး ၄၅ ယောက် သေဆုံး ခဲ့ပါတယ်။ သမ္မတ အာဆတ် သစ္စာခံတပ်တွေ အီလစ်ဘ် ခရိုင်က ရွာတွေကို တိုက်ခိုက်ချိန်မှာ လူအသေအပေျာက် ပိုများခဲ့ပါတယ်။

အီလစ်ဘ်က ထွက်လာတဲ့ ဗီဒီယို တခွေမှာတော့ ဆီးရီးယား တပ်သား ၅ဝဝ လောက် တပ်က ထွက်ပြေးလာပြီး သူပုန်နဲ့ ပူးပေါင်းတယ်လို့ ကြေညာပါတယ်။

ကြက်ခြေနီ အဖွဲ့ကတော့ ဆီးရီးယား အစိုးရနဲ့ သူပုန်တွေ အကြား အပစ်ရပ် ပေးဖို့၊ အဆိုးဆုံး ထိခိုက်ခံရတဲ့ နယ်မြေတွေကို ဆေးဝါး ထောက်ပံ့ခွင့် ပြုဖို့၊ အရပ်သားတွေ ထွက်ခွာခွင့် ပြုဖို့တွေ တောင်းဆို ခဲ့ပါတယ်။