ဆီးရီးယားကို နိုင်ငံတကာ ပြစ်တင်ရှုတ်ချ

  • 23 ဖေဖော်ဝါရီ 2012
Marie Colvin ဓာတ်ပုံ မူပိုင် AFP
Image caption အဖိနှိပ်ခံတွေ ဘဝမှန် ဖော်ထုတ်ဖို့ အင်မတန် စိတ်ထက်သန်

သိက္ခာရှိ စစ်သတင်းထောက် မာရီ ကိုလ်ဗင်ကို သတ်မှု၊ အတိုက်အခံကို ဆက်လက် ချေမှုန်း နေမှုတွေ အတွက် ဆီးရီးယား အစိုးရကို အပြင်းအထန် ရှုတ်ချ နေကြပါတယ်။

အစိုးရ ထွက်ပေးသင့်ပြီလို့ ပြင်သစ် သမ္မတက ဆိုပါတယ်။

သူ့သမီးဟာ အဖိနှိပ်ခံ ပြည်သူတွေ ဘဝမှန်ကို ဖော်ထုတ်ဖို့ အင်မတန် စိတ်ဓာတ် ထက်သန် တယ်လို့ မာရီကိုလ်ဗင် အမေက ဆိုပါတယ်။

အစိုးရတပ်က ဟုမ်းစ်မြို့ကို ထပ်တဆင့်တိုးပြီး ပြင်းပြင်း ထန်ထန် တိုက်နေ ပြန်ပြီလို့လည်း သိရပါတယ်။

ကုလသမဂ္ အတွင်းရေးမှူးချုပ် ကတော့ မြို့ထဲ အကူအညီ ပေးနိုင်အောင် လူမှုကူညီရေး အကြီးအကဲ လွှတ်မယ်လို့ ဆိုပါတယ်။