ယီမင် ရွေးကောက်ပွဲ လူသေ

  • 22 ဖေဖော်ဝါရီ 2012
ပနာနည
Image caption ယီမင် ဒုသမ္မတ တယောက်ပဲ ဝင်ပြိုင်

ယီမင်မှာ သမ္မတ ရွေးကောက်ပွဲ အတွင်း အဓိကရုဏ်း တွေမှာ အနည်းဆုံး လူ ၉ ယောက် သေဆုံး ခဲ့ပါတယ်။ ၃၃ နှစ် အုပ်စိုးခဲ့တဲ့ သမ္မတ ဆာလေ နေရာ ဆက်ခံမယ့် သူကို ရွေးမှာ ဖြစ်ပါတယ် ။

ယီမင် တောင်ပိုင်း ခွဲထွက်ရေး သမားတွေက ရွေးကောက်ပွဲ သပိတ်မှောက်ဖို့ တောင်းဆိုမှုတွေ နောက်မှာ အဓိကရုဏ်းတွေ ဖြစ်ပွား ခဲ့တာပါ။

တောင်ပိုင်း မြို့တော် အေဒင်က မဲရုံတွေကို စောစောပိတ် ခိုင်းခဲ့ပါတယ်။ ယီမင် မြို့တော် ဆာနာမှာတော့ အေးအေးဆေးဆေး မဲပေးခဲ့ကြပါတယ်။

ယီမင် ဒုသမ္မတ အဘ် ရဘ်ဘူ ဟာဒီ တယောက်ပဲ ဝင်ပြိုင်နေတာပါ။

ယီမင် ရွေးကောက်ပွဲ အတွက် အားတက် မိတယ်လို့ အမေရိကန်က ပြောပါတယ်။