ဆိုမာလီ ဆွေးနွေးပွဲပြီး

  • 24 ဖေဖော်ဝါရီ 2012
somalia ဓာတ်ပုံ မူပိုင် PA
Image caption ဆိုမာလီ တည်ငြိမ်ရေး အတွက် အလှည့်အပြောင်း

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဆိုမာလီ လုံခြုံရေး ၊ ပင်လယ်ဓားပြ ကိစ္စ၊ လူမှု ကူညီရေးနဲ့ နိုင်ငံရေး ဖြစ်စဉ်လို အရေးကြီးတဲ့ ကိစ္စတွေ အတွက် သဘော တူညီချက်တွေ ရခဲ့တယ်လို့ ဆိုမာလီ အရေး နိုင်ငံတကာ ဆွေးနွေးပွဲကြီး ပိတ်ပွဲမှာ ပြောကြား ခဲ့ပါတယ်။

ဆိုမာလီ တည်ငြိမ်ရေးနဲ့ သာယာ ဝပြောရေး အတွက် အလှည့်အပြောင်းလို့ မစ္စတာ ကင်မရွန်းက လန်ဒန် အစည်း အဝေးမှာ ကြုံးဝါး ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကတော့ ပြုပြင် ပြောင်းလဲရေးကို နှောင့်ယှက်သူ မှန်သမျှကို ပိတ်ဆို့ အရေးယူပြီး ခရီး သွားလာခွင့်တွေ ကန့်သတ်မယ်လို့ ခြိမ်းခြောက် ပါတယ်။

ဆိုမာလီ အသွင် ကူးပြောင်းရေး အစိုးရလည်း တက်ရောက်ပါတယ်။ ဒါပေမယ့် အယ်လ် ရှာဘတ် အစ္စလာမ်မစ် စစ်သွေးကြွ အုပ်စု ကတော့ အစည်းအဝေးကို ရှုတ်ချ ခဲ့ပါတယ်။