ဟေတီ ဝန်ကြီးချုပ် ရုတ်တရက် နုတ်ထွက်

  • 25 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption လွန်ခဲ့တဲ့ ၂နှစ်က ငလျင်ဒဏ် အကြီးအကျယ် ခံရတဲ့ ဟေတီ

ဟေတီနိုင်ငံမှာ ဝန်ကြီးချုပ် Garry Conille ဟာ မမျှော်လင့်ဘဲ ရာထူးက နှုတ်ထွက်သွားတယ်လို့ သက်ဆိုင်ရာ အရာရှိ တွေက ပြောပါတယ်။

လက်ရှိ ရာထူးမှာ ငါးလတောင် မကြာသေးတဲ့ အချိန်အတွင်း မစ္စတာ ကာနီလ် ဟာ သမ္မတ မစ်ချယ်လ် မာတဲလီ ဆီမှာ နှုတ်ထွက်စာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ငလျင်ဒဏ် အကြီးအကျယ် ခံခဲ့ရတဲ့ ဟေတီနိုင်ငံဟာ ပြန်လည်ထူထောင်ရေး အတွက် ရုန်းကန် ကြိုးစား နေရချိန်မှာ အခုလို ဝန်ကြီးချုပ်ရဲ့ နှုတ်ထွက်မှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို နှောက်နှေးကောင်း နှောက်နှေးသွားစေ ပါလိမ့်မယ်။

ပြည်ပက အလှူရှင်တွေဟာ ကုလသမဂ္ဂမှာ အရင်တုန်းက တာဝန် ထမ်းခဲ့ဖူးတဲ့ မစ္စတာ ကာနီလ်နဲ့ ဆက်ဆံရတာကို နှစ်သက် သဘောကျ ကြပြီး ဟေတီ အနေနဲ့ ပြည်ပ အလှူရှင်တွေ အပေါ် အလေးထား ရပ်တည် နေရတာ ဖြစ်ပါတယ်။

အစိုးရ အဖွဲ့ထဲမှာ အာဏာ လွန်ဆွဲမှုတွေ ဖြစ်နေတယ် ဆိုတဲ့ သတင်းတွေ သီတင်းပတ် အတော်ကြာ ကြားခဲ့ရ ပြီးတဲ့နောက် မစ္စတာ ကာနီလ်ရဲ့ နှုတ်ထွက်မှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။