ဒဏ်ရာ အပြင်းအထန် ရသူတွေကို ကယ်ထုတ်နိုင်ပြီ

  • 25 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ICRC အကူအညီနဲ့ ဒဏ်ရာရသူတွေကို ကယ်ထုတ်

ဆီးရီးယား နိုင်ငံ ဟော်မ်စ်မြို့ ဘာဘာ အာမီရာ ရပ်ကွက်ကနေ ဆေးကုသမှု အရေးတကြီး လိုအပ်နေတဲ့ လူရယောက်ကို ဒေသန္တရ ဆေးရုံ ဆီကို ပထမဆုံး ကယ်ထုတ် နိုင်ခဲ့တယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့နဲ့ ဆီးရီးယား လခြမ်းနီ အဖွဲ့တို့ ပေါင်းပြီး အခုလို ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဂျီနီဗာ မြို့က အရာရှိ တယောက် ဆိုပါတယ်။

ဒါဟာ ဆီးရီးယား အစိုးရ ၊ အတိုက်အခံတွေ စတဲ့ အဖွဲ့ အသီးသီးနဲ့ အချိန် အတန်ကြာ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီး တဲ့နောက် အခုလို အပြုသဘောဆောင်တဲ့ ရလဒ်တွေ ပေါ်ထွက်လာတာ ဖြစ်တယ်လို့ အဲဒီ အရာရှိက ပြောပါတယ်။

ဟောမ်စ်မြို့မှာ အမြှောက်ဗုံးဆန် လက်နက်ကြီး တွေနဲ့ အပြင်းအထန် တိုက်ခိုက်မှုတွေ ဖြစ်နေတာ သီတင်းတပတ်ကြာ ခဲ့ပြီ ဖြစ်သလို နိုင်ငံခြား သတင်းထောက်နှစ်ယောက် အပါအဝင် ရေတွက်လို့ မရနိုင်တဲ့ ဆီးရီးယား လူမျိုးတွေ အရေးပေါ် ဆေးကုသမှု လိုအပ်နေတာ ဖြစ်ပါတယ်။