ဘင်လာဒင် သေတဲ့ခြံ ရှင်းနေ

  • 26 ဖေဖော်ဝါရီ 2012
bin ladin ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဘင်လာဒင် ခြံဝင်း ပါကစ္စတန် တပ်တွေ စဖြို

အိုစမာ ဘင်လာဒင်ကို မနှစ် မေလက အမေရိကန် တပ်တွေက စီးနင်း သုတ်သင် ခဲ့တဲ့ ခြံဝင်းကို ပါကစ္စတန် လုံခြုံရေး တပ်တွေက စတင် ဖြိုချ ရှင်းလင်း နေပါပြီ။

အဘိုတာဘတ် ခံတပ်မြို့က အဆောက်အဦ အစိတ်အပိုင်း အများစုကို မြေတူးစက်တွေနဲ့ ထိုးပြီး ဖြိုချထား ပါတယ်။ ညလုံးပေါက် ရှင်းလင်း နေကြတာပါ။

ဝင်းနားမှာလည်း လုံခြုံရေးတွေ အထပ်ထပ် ချထားပါတယ်။ ဒီနေရာမှာ အယ်လ်ကေဒါ ခေါင်းဆောင် ဘင်လာဒင် ၅ နှစ် ကျော်ကျော် ပုန်းခို ခဲ့တာပါ။

ဒီနေရာကို ကိုးကွယ်စရာ ဌာနတခု ဖြစ်မလာအောင် ပါကစ္စတန် အာဏာပိုင်တွေက ဟန့်တားချင်တာလို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။