နိုက်ဂျီးရီးယားမှာ ဗုံးခွဲတိုက်ခိုက်

  • 26 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ပြီးခဲ့တဲ့ခရစ်စမတ်နေ့က ဗုံးပေါက်ကွဲမှုကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့

နိုက်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း ဂျို့စ်မြို့ က ခရစ်ယာန်ဘုရားကျောင်းတခုမှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု တခု ဖြစ်ပွားခဲ့တဲ့ အတွက် ဝတ်ပြု ဆုတောင်းသူ ၃ ဦး ထက်မနည်း သေဆုံးသွား ပြီး၊ တခြား လူ ၄၀ နီးပါးလောက် ဒဏ်ရာ ရရှိသွား ပါတယ်။

မနက်ပိုင်း ဝတ်ပြု ဆုတောင်းမှု အတွင်း ကားတွေ လူတွေများပြားလှတဲ့ အချိန်မှာ ဘုရားကျောင်း အပြင်ဘက်မှာ တာဝန်ကျ စစ်သားတဦးကနေ ဗုံးခွဲသမားရဲ့ ကားကို ဘုရားကျောင်း ခြံဝင်းထဲ ဝင်ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ ခရစ်ယာန် ဘုန်းတော်ကြီး တဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီနောက်မှာတော့ ဘုရားကျောင်း အဝင်နဲ့ ခပ်လှမ်းလှမ်းမှာ ရပ်ထားတဲ့ အဲဒီကားဟာ ထပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဘုန်းတော်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ခရစ်စမတ်နေ့က မြို့တော် အဘူဂျာမှာ ခရစ်ယာန်ဘုရားကျောင်းအနီး လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ရတဲ့ ဗုံးခွဲမှု ဖြစ်ခဲ့ပြီးနောက်ပိုင်း အခုဖြစ်ရပ်ဟာ နောက်ဆုံးတွေ့မြင်ရတဲ့ တိုက်ခိုက်မှု ဖြစ်ပါတယ်။