ဆန္ဒ ခံယူပွဲ အာဆတ် မဲပေး

  • 27 ဖေဖော်ဝါရီ 2012
syria ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတ အာဆတ် ကိုလည်း ထောက်ခံသူ ရှိဆဲ

ဆီးရီးယားကို ဒီမိုကရေစီ အသွင်ကူးဖို့ စီမံ ရေးဆွဲ ထားတယ်ဆိုတဲ့ အခြေခံ ဥပဒေသစ် ဆန္ဒ ခံယူပွဲမှာ သမ္မတ ဘရှား အာဆတ် မဲပေးခဲ့ပါတယ်။

ပါတီစုံ စနစ်ကို သွားမယ့် အခြေခံ ဥပဒေ ဆန္ဒ ခံယူပွဲကို ဒမတ်စကပ်မြို့ တချို့ နေရာတွေမှာ ရက် ထပ်တိုး ထားပါတယ်။

အတိုက်အခံ အုပ်စုတွေ ကတော့ ဒီပွဲကို အတုအယောင်လို့ ပယ်ချ ထားပါတယ်။

ဒီနေ့မှာ အနည်းဆုံး လူ ၃၀ လောက် သေခဲ့ပြီး အများစုက ဟုမ်းစ် မြို့က မပြီးသေးတဲ့ လူသတ်ပွဲတွေမှာ သေတာ လို့ သူတို့က ဆိုပါတယ်။

မြို့ထဲက လူမမာတွေ ကယ်ထုတ်ဖို့ ဆီးရီးယား အာဏာပိုင်တွေဆီက စစ်ပြေငြိမ်းရေး သဘောတူညီချက် မရသေးဘူး၊ ဟုမ်းစ်မြို့ အခြေအနေ ကလည်း နာရီနဲ့ အမျှ ဆိုးရွား လာတယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ဆိုပါတယ်။

စောစော လေးကပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကလည်း ဟုမ်းစ်မှာ ရက်ရက် စက်စက် လူသတ်ပွဲကြီး ဖြစ်နေတယ်လို့ ဆိုသွားပါတယ်။