ဂရိကို ထောက်ပံ့ဖို့ ဂျာမန် လွှတ်တော် အတည်ပြု

  • 28 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ယူရိုဇုန် ဘဏ္ဍာရေး ဝန်ကြီးတွေ သဘောတူခဲ့ကြတဲ့ ဂရိစ် နိုင်ငံကို စီးပွားရေး ကူညီ ထောက်ပံ့မှု ပေးအပ်ဖို့ကို ဂျာမန် ပါလီမန်က မဲခွဲ အတည်ပြုပေးလိုက်ပါပြီ။

ဂရိ အပေါ် ကူညီထောက်ပံ့မှုနဲ့ ပတ်သက်လို့ ဂျာမန် လူထုကြား မကျေနပ်ချက်တွေ ကြီးထွား လာပေမယ့် လွှတ်တော်မှာ ထောက်ခံမဲ ၄၉၆မဲနဲ့ လွတ်လွတ်ကျွတ်ကျွတ် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်က ဂရိ ကယ်ဆယ်ရေး ကူညီမှုကို ထောက်ခံဖို့ လွှတ်တော်ကို တိုက်တွန်းခဲ့ပြီး ဒီလို ထောက်ခံမှုဟာ ယူရိုဇုန် ချောက်ကမ်းပါးထဲ ကျမယ့် အရေးကို ကယ်တင်လိုက်တာဘဲလို့ ဆိုပါတယ်။

ဒေါ်လာ ဘီလီယံ ၁ရဝ တန်တဲ့ ဒီကူညီ ထောက်ပံ့မှုဟာ ဂရိ နိုင်ငံကို နှစ်နှစ် အတွင်း ဒုတိယ အကြိမ် ပေးအပ်တာ ဖြစ်ပြီး ဒီထောက်ပံ့မှုကလည်း နောက်ဆုံး အကြိမ် ထောက်ပံ့တာ မဟုတ်ဘူး ဆိုတာ ဂျာမန် အစိုးရနဲ့ လူထုက သိတယ်လို့ ဘာလင်မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။