ရီပတ်ဘလစ်ကန် သမ္မတလောင်း အပြိုင်လု

  • 29 ဖေဖော်ဝါရီ 2012
republican ဓာတ်ပုံ မူပိုင် Getty Images
Image caption ရီပတ်ဘလစ်ကန် သမ္မတလောင်း နေရာ အကြိတ်အနယ် စည်းရုံး

အကြိတ်အနယ် ယှဉ်ပြိုင် နေကြတဲ့ မစ်ချီဂန် ပြည်နယ်က ရီပတ်ဘလစ်ကန် သမ္မတလောင်း ပဏာမ ရွေးပွဲ အတွက် မဲပေးမှုတွေ အဆုံးသတ်တော့မှာပါ။

ပါတီ သမ္မတလောင်း ရွေးပွဲမှာ ရှေ့ကနေ ပြေးနေတဲ့ မစ်ချီဂန် ပြည်နယ်သား မစ်ရွန်နီကို အထက်လွှတ်တော် အမတ်ဟောင်း ရစ် ဆန်တိုရမ်က အကြီးအကျယ် စိန်ခေါ် နေပါတယ်။

ရစ် ဆန်တိုရမ်ကို ရှေးရိုးစွဲ မဲဆန္ဒရှင်တွေက တော်တော် ထောက်ခံကြ ပါတယ်။

မစ္စတာ ရွမ်နီကတော့ မစ္စတာ ဆန်တိုရမ်တို့ လူစုကို ဒီမိုကရက်တွေကို စည်းရုံးပြီး ရွေးကောက်ပွဲ ပြန်ပေးဆွဲဖို့ ကြိုးစားတယ်လို့ စွပ်စွဲ ခဲ့ပါတယ်။

ပဏာမ ရွေးပွဲမှာ ဒီမိုကရက်တွေ ပါဝင်ခွင့် ပြုထားပါတယ်။

အာရီဇိုးနား ပြည်နယ်တွက်လည်း ရီပတ်ဘလစ်ကန် သမ္မတလောင်း တဦး ရွေးချယ် နေကြပါတယ်။ ဒါပေမယ့် မစ္စတာ ရွန်နီ အလွယ်တကူ နိုင်မယ်လို့ မျှော်လင့် နေကြပါတယ်။