ဒါဏ်ရာရ သတင်းထောက်ကို ကယ်ထုတ်နိုင်

  • 28 ဖေဖော်ဝါရီ 2012
Image caption ဗြိတိသျှ ဓာတ်ပုံ သတင်းထောက် ပေါလ်ကွန်ရွိုင်း

ဆီးရီးယားနိုင်ငံ ဟုမ်းစ်မြို့မှာ ဒါဏ်ရာ ရပြီး ပိတ်မိနေတဲ့ ဗြိတိသျှ ဓာတ်ပုံ သတင်း ထောက် ပေါလ်ကွန်ရွိုင်း (Paul Conroy) ကို နယ်စပ် ကနေ တဆင့် လက်ဘနွန် နိုင်ငံဖက် ကို ကယ်ထုတ် နိုင်ခဲ့ ပါတယ်။

အခြေ အနေ အရမ်း ဆိုးရွား နေတဲ့ ဘာဘာ အာမာ ရပ်ကွက် ကနေ အတိုက်အခံ တွေရဲ့ အကူအညီနဲ့ မနေ့က ကယ်ထုတ် နိုင်ခဲ့ တာဖြစ် တယ်လို့ သံတမန် သတင်း ရပ်ကွက်က ဘီဘီစီကို အတည်ပြု ပြောကြား ပါတယ်။

ဒီကယ် ထုတ်မှု မှာတော့ ကြက်ခြေနီ အဖွဲ့ နဲ့ ဆီးရီးယား လခြမ်းနီ အဖွဲ့ တို့ ပါဝင်မှု မရှိခဲ့ ပါဘူး။

ပေါလ်ကွန်ရွိုင်း ဟာ ဗြိတိသျှ Sunday Times သတင်းစာရဲ့ သတင်း ထောက် တဦးပါ။

သူနဲ့ အတူ တွဲပြီး သတင်းယူတဲ့ Sunday Times ရဲ့ နာမည်ကျော် သတင်းထောက် Marie Colvin ကတော့ ပြီးခဲ့တဲ့ အပတ်က သတင်း ပို့ရင်း သေဆုံး ခဲ့ပါတယ်။

တခြား သတင်းထောက် တွေကို့ ဘာဘာ အာမာ ရပ်ကွက် ကနေ ကယ်ထုတ် နိုင်မှု ရှိမရှိ ကိုတော့ သံတမန် သတင်း ရပ်ကွက်က မပြော ကြားခဲ့ ပါဘူး ။

လူ့အခွင့်အရေးကောင်စီက အရေးပေါ် အစည်းအဝေးခေါ်

ဆီးရီးယား ပြည်သူ တွေရဲ့ လုံခြုံရေးနဲ့ လက်ရှိ ဖြစ်ပွား နေတဲ့ အခြေ အနေ ပိုမို ဆိုးရွား လာနေတဲ့ ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး ကုလ သမဂ္ဂ လူ့အခွင့် အရေး ကောင်စီ က အရေးပေါ် အစည်း အဝေး တရပ် ကျင်းပ နေပါတယ်။

ကုလ သမဂ္ဂ လူအခွင့် အရေး ကောင်စီ ဥက္ကဌ နာဗီ ပီလေး (Navi Pillay) က အခု လက်ရှိ ဖြစ်ပွား နေတဲ့ အရေး အခင်း တွေဟာ အရင် ရှိခဲ့တဲ့ ဆင်းရဲ မွဲတေမှု နဲ့ အလုပ် လက်မဲ့ အခြေ အနေ တွေကို ပိုမို ဆိုးရွား စေတယ်လို့ ပြောဆို ခဲ့ပြီး လူသာချင်း စာနာရေး အထောက် အပံတွေ ဖြန့်ဖြူး ပေးနိုင်အောင် ချက်ချင်း အပစ် အခတ် ရပ်စဲဖို့ အင်္ဂါနေ့က တောင်းဆို လိုက်ပါတယ်။

ဒီအစည်းအဝေး နဲ့ ဒီအစည်းအဝေးက ချမယ့် ဘယ်လို ဆုံးဖြတ်ချက် မျိုးကို မဆို သူတို့ အသိ အမှတ် ပြုမှာ မဟုတ်ဘူး လို့ ဆီရီးယား ကိုယ်စား လှယ် က ပြောဆိုပြီး အစည်း အဝေး ကနေ ထွက်ခွါသွား ပါတယ်။

ဆီးရီးယား အစိုးရ ထိပ်တန်း အရာရှိ တွေဟာ သတ်ဖြတ်မှု အတော် များများကို ညွှန်ကြား ခဲ့သလို ကိုယ်တိုင် လည်း ကျူးလွန် ခဲ့တယ်လို့ ကုလ သမဂ္ဂ စုံစမ်းရေး အရာ ရှိတွေ ရဲ့ လတ်တလော ထုတ်ပြန်ချက် ထဲမှာ ဖော်ပြ ထားပါတယ်။