Apple တန်ဖိုး အကြီးဆုံး ကုမ္ပဏီဖြစ်

  • 1 မတ် 2012
iphone
Image caption Apple ဒေါ်လာ ဘီလျံ ၅ ရာတန်

အိုင်ဖုန်းနဲ့ အိုင်ပေါ့ တွေ ထုတ်လုပ် ရောင်းချတဲ့ Apple ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ဘီလျံ ငါးရာ တန်ဖိုး ရှိနေပြီလို့ ခန့်မှန်း ကြပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းက နယူးယော့ စတော့ အိပ်ချိန်းမှာ ဒီပမာဏထိ ရောက်သွား ခဲ့ပါတယ်။

အက်ဇွန် ရေနံ ကုမ္ပဏီကို ကျော်တက်ပြီး ကမ္ဘာ့ တန်ဖိုး အကြီးဆုံး ကုမ္ပဏီ နေရာ ရခဲ့ပြီ ဖြစ်ပါတယ်။

ဒေါ်လာ ဘီလျံ ၅ ရာ ထိ တန်ဖိုးတက်ခဲ့တဲ့ ထဲမှာတော့ သူ့ အရင်က ၅ ယောက် ရှိခဲ့ပြီး ဖြစ်ပါတယ်။

သူနဲ့ ပြိုင်ဘက် မိုက်ခရိုဆော့ဖ် ကုမ္ပဏီ အပါအဝင် ဒီ ကုမ္ပဏီတွေဟာ အဲဒိ ပမာဏထိ ရောက်ပြီးမှ ပြန်ကျ ကုန်တာပါ။