မြောက်ကိုရီးယား ခြေလှမ်းသစ် ကန်ကြို

  • 1 မတ် 2012
korea ဓာတ်ပုံ မူပိုင် AP
Image caption မစ္စစ်ကလင်တန်က ကြိုဆို

မြောက်ကိုရီးယားရဲ့ ယူရေနီယမ် သန့်စင်ရေး အစီအစဉ်နဲ့ အဏုမြူနဲ့ တာဝေးပစ် ဒုံးကျည် စမ်းသပ်မှုတွေ ရပ်ဆိုင်းထားဖို့ ကြေညာချက်ကို အမေရိကန် အစိုးရ က ကြိုဆိုခဲ့ပါတယ်။

ဒါဟာ ကိုရီးယား ကျွန်းဆွယ်မှာ အဏုမြူ လုံးဝ ကင်းစင်ရေး အတွက် အကောင်းဘက် ဦးတည် တဲ့ ပထမ ခြေလှမ်း၊ ဒါပေမယ့် လက်တွေ့ လုပ်ဆောင်ဖို့ စွဲမြဲဖို့ လိုတယ်လို့ အမေရိကန် အစိုးရက ဆိုပါတယ်။

အရင်ပတ်က ဘေဂျင်းမှာ အမေရိကန်နဲ့ မြောက်ကိုရီးယား သံတမန်တွေ တွေ့ဆုံပြီးနောက် ဒီကြေညာချက် ထွက်လာတာပါ။

အပြန်အလှန် အနေနဲ့ အမေရိကန်က မြောက်ကိုရီးယားကို စားနပ်ရိက္ခာ အများအပြား ကူညီ ပေးဖို့ အစီအစဉ်ကို လက်စသတ် နေပါတယ်။