နိုင်ငံခြားလှုပ်ရှားသူတွေ အီဂျစ်ကခွာ

  • 2 မတ် 2012
cairo
Image caption ဒီမိုကရေစီရေး လှုပ်ရှားသူ ၁၇ ယောက် ကိုင်ရိုက ထွက်ခွာ

အမေရိကန် နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား ဒီမိုကရေစီရေး လှုပ်ရှားသူ ၁၇ ယောက်ကို အီဂျစ် အစိုးရက ကိုင်ရို လေဆိပ်က ထွက်ခွာခွင့် ပေးလိုက်လို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

သူတို့ ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အီဂျစ် အစိုးရတွေကြား အချင်းများ ခဲ့ကြရပါတယ်။

သူတို့ကို ပြည်ပက တရားမဝင် ငွေကြေး ရန်ပုံငွေ လက်ခံမှုနဲ့ တရားစွဲပြီး ဆူပူ မငြိမ် မသက် ဖြစ်အောင် လှုံ့ဆော်မှုနဲ့ စွပ်စွဲ ထားတာပါ။ တိုင်းပြည်ထဲက ထွက်လို့ မရအောင်လည်း ပိတ်ပင် ထားခဲ့ပါတယ်။

ဒီ ကိစ္စကြောင့် ၂ နိုင်ငံ ဆက်ဆံရေး အတော် အကျပ်ရိုက် သွားခဲ့ပြီး အမေရိကန်က အီဂျစ်ကို အကူအညီ ဖြတ်တောက်မယ်လို့ကို ခြိမ်းခြောက် ခဲ့တာပါ။

ဒီလို ထွက်ခွာခွင့် ပေးလိုက်ပေမယ့် ဥပဒေ ကြောင်းအရတော့ ဆက်လက် ရင်ဆိုင် နေရ ဦးမှာပါ။

သူတို့ကို မျက်ကွယ် တရားစီရင်ပြီး ပြစ်ဒဏ်ချမှတ် ခံရနိုင်ပါတယ်။ ပါဝင် ပတ်သက်နေတဲ့ အီဂျစ် နိုင်ငံသားတွေ ကတော့ ဆက်လက် အမှုဆိုင်ရ ဦးမှာပါ။